Sunday, December 4, 2016

Goblin Series (2016) - မြန်မာစာတန်းထိုး

Goblin ဆိုတဲ့ ဒီကားလေးဟာ လက်တလောမှာ tvNက တင်ဆက်ပြသနေတဲ့ ကိုရီးယားစီးရီးပဲ ဖြစ်ပါတယ် ... ဒီစီးရီးကို Goblin လို့ ခေါ်ရုံတင်မဟုတ်ပဲ Guardian: The Lonely and Great God လို့လည်း ခေါ်ဆိုပါတယ် ... December 2 ရက်နေ့ကနေ စတင်ထုတ်လွှင့်ပြသနေပြီးတော့ January 21 ရက်နေ့၂၀၁၇မှာ အပြီးသတ်ပါမယ် ... ဒီ စီးရီးကို အပတ်စဉ် သောကြာနဲ့စနေနေ့တွေမှာ tvN က ထုတ်လွှင့် တင်ဆက်ပြသနေတာ ဖြစ်ပါတယ် ...

ဇာတ်လမ်းအကျဉ်းကတော့
==============
ကင်မ်ရှင်လို့ ခေါ်တဲ့ စစ်သူကြီးဟာ မသမာသူတွေရဲ့ သွေးထိုးမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ် ... ဒါပေမယ့် ကောင်းကင်ရဲ့ အလိုအရ အသက်ပြန်ရှင်ခွင့် ရရှိခဲ့ပါတယ် ... ဒါပေမယ့် သူက ဘယ်တော့မှာ မသေတော့တဲ့သူမျိုး ဖြစ်သွားပြီး ကိုယ်ချစ်သူ ခင်သူတွေ ကိုယ်ရှေ့မှာပဲ သေဆုံးတာကို မြင်ရမယ်လို့ ကျိန်စာတစ်ခုအနေနဲ့ ဖြစ်တည်သွားခဲ့ပါတယ် ... အဲ့ဒီ ကျိန်စာကို ပျောက်ပျယ်ပြီး မသေမျိုးဖြစ်ဖို့အတွက်
မှင်စာရဲ့ သတို့သမီးကို ရှာတွေ့မှာဖြစ်မှာပါ ... မှင်စာဆိုတာ ဒီလိုအခြေအနေတစ်ခုမှာ ၀ိဥာဉ်တွေရဲ့ ကာကွယ်စောင့်ရှောက်သူလို့လည်း အသုံးအနှုန်းရှိပါတယ် ... နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့တဲ့ ကင်မ်ရှင် စစ်သူကြီးတစ်ယောက် ဒီဘက်ခေတ်ကိုရောက်တဲ့အခါ သူရှာနေတဲ့ မှင်စာရဲ့ သတို့သမီးကို တွေ့မလားမတွေ့ဘူးလား ဘယ်လိုတွေ ဆက်ဖြစ်မလည်းဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြပါဦးလို့ ...

မင်းသားတွေကတော့

Kim Shim အဖြစ် Gong Yoo

Wang Yeo အဖြစ် Lee Dong Wook

မင်းသမီးတွေကတော့

Ji Eun Tak အဖြစ် Kim Go-eun

Kim Sun / Sunny အဖြစ် Yoo In-na

Rating တွေမှာ Viki ကတော့ 9.7, DramaFever 4.7 ပေးထားပါတယ် ...

ဘာသာပြန်ပေးသူကတော့ >>> Eaint Chu San <<< ပါ

mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

.:: Download and Watch ::. 

Tuesday, October 25, 2016

The Classic of Mountains and Seas Series (2016) - မြန်မာစာတန်းထိုး




The Classic of Mountains and Seas တရုတ်ဇာတ်လမ်းတွဲကို မတ်လ ၂၀၁၆ခုနှစ်မှာ Human TV မှ ထုတ်လွှတ်တင်ဆက်ခဲ့ပြီး မေလ ၂၀၁၆ခုနှစ်မှာ ပြီးစီးခဲ့ပါတယ် ... အပိုင်းပေါင်း (၄၂) ပိုင်းပါတဲ့ ဒီဇာတ်လမ်းတွဲဟာ Rating အနေနဲ့ Viki မှာ 9.2 အထိရရှိထားပြီး MyDramaList မှာ 7.5 ထိ ရရှိထားတာလည်း ဖြစ်ပါတယ် ... 

ဒီဇာတ်လမ်းတွဲဟာ 4th century BC ကတည်းက ရေးသားထားတာဖြစ်တဲ့ Classic of Mountains and
Seas ဆိုတဲ့ စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ် ... ရေးသားတဲ့လူကို အခုချိန်ထိ မဖော်ထုတ်နိုင်သေးပေမယ့် တရုတ်ပြည်မှာတော့ ဒဏ္ဍာရီနဲ့ ယဉ်ကျေးမှုတွေအကြောင်း ရေးထားတဲ့ စာအုပ်အဖြစ် ထင်ရှားပါတယ် ...

စာအုပ်မှာတော့ အခန်းပေါင်း ၁၈ခန်း ပါဝင်ပြီး တောင်ပေါင်း ၅၀၀ကျော်နဲ့ မြစ်ပေါင်း ၃၀၀ ကျော်ကို   ဖော်ပြထားပါတယ် ... နောက်ပြီး တိရစ္ဆာန်အမျိုးပေါင်း ၂၇၇ကောင်ထက် မနည်း စာအုပ်ထဲမှာ ပါဝင်တယ် လို့ ပညာရှင်တွေက ဆိုထားပါသေးတယ် ...

The Classic of Mountains and Seas စာအုပ်ဟာ တရုတ်ဒဏ္ဍာရီပုံပြင်တွေရဲ့ မူလရင်းမြစ်တွေထဲကမှ တစ်ခုဆိုရင်လည်း မမှားပါဘူး ...


နောက်ဆုံး ပြောချင်တာတော့ ဒီဇာတ်ကားထဲမှာ Effects ပေါင်းများစွာကို မရိုးအောင်သုံးထားပါတယ် ...
တရုတ်သိုင်းကားကြိုက်တဲ့သူတွေအတွက် နောက်ထပ် အကြိုက်ထပ်တွေ့စေမှာလို့ ယုံကြည်ပါတယ် ...
ကြည့်ရှုအားပေးကြပါဦးလို့ ... အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ... :) :) :)

.:: Download and Watch ::.

Monday, October 24, 2016

Operation Chromite (2016) - မြန်မာစာတန်းထိုး


ဇာတ်လမ်းအကျဉ်း
==============
၁၉၅၀ခုနှစ် စက်တင်ဘာလ ကိုရီးယားမှာ ဖြစ်ပွားခဲ့တဲ့ Battle of In Chon ရဲ့ အဓိက အစိတ်အပိုင်းလို့   ပြောလို့ရတဲ့ "Operation Chromite" ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ ... မြောက်ကိုရီးယား ၀င်တိုက်လို့ တောင်ကိုရီးယားနယ်မြေတွေ တဖြည်းဖြည်းဆုံးရှုံးနေရာမှ နောက်ဆုံး အင်ချွန်ကမ်းခြေကိုပါ   အလျော့ပေးလိုက်ရပါတော့တယ် ... အင်ချွန်ကမ်းခြေတ၀ိုက်မှာ မြေမြှပ်မိုင်းတွေတင်မဟုတ်ဘူး ရုရှားက ထောက်ပံ့ထားတဲ့ ရေမြှုပ်မိုင်းတွေပါ ရှိနေတော့ စစ်ကူပေးတော့ အမေရိကန်ရေတပ်လည်း   ရှေ့ဆက်တိုးမရဖြစ်နေပါတယ် ...

အဲ့ဒီအချိန်မှာ ခေါင်းမာပြီး သတ္တိပြောင်လှတဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး Douglas MacArthur ကိုယ်တိုင် ရေးဆွဲခဲ့တဲ့ "Operation Chromite"ဆိုတဲ့ လျို့ဝှက်စစ်ဆင်ရေးတရပ်ပေါ်လာပါတော့တယ် ... "Operation X-Ray"လို့လည်း ခေါ်တဲ့ ဒီစစ်ဆင်ရေးကို တောင်ကိုရီးယားသား ၈ယောက်ပါဝင်တဲ့ လျို့ဝှက်အဖွဲ့ကို မြောက်ကိုရီးယားဘက် သူလျိုလွှတ် အကောင်အထည်ဖော်စေခဲ့ပါတယ် ...

ဘတ်ဂျက်တော်တော်များများသုံးထားတဲ့ သမိုင်းဝင်ဒီဇာတ်ကားမှာ အမေရိကန် ဗိုလ်ချုပ်ကြီး Douglas MacArthur အဖြစ် Taken, Non-stop, Unknown နဲ့ အခြားသော ဇာတ်ကောင်းပေါင်းများစွာတို့နဲ့   အောင်မြင်ကျော်ကြားတဲ့ နာမည်ကြီး မင်းသား Liam Neesonက ပါဝင်သရုပ်ဆောင်ထားပါတယ် ... ကိုရီးယား သရုပ်ဆောင်တွေဖြစ်တဲ့ Lee Jung-jae, Lee Beom-sooနဲ့ Jin Se-yeon တို့ရဲ့ ဒီ "Operation Chromite"မှာ ဘယ်လိုတွေ ပါဝင်သရုပ်ဖော်ကြမလည်းဆိုတာ ကြည့်ရှုအားပေးကြပါဦးလို့ ...

Rating အနေနဲ့ကတော့ IMDb မှာ 6.4နဲ့ Rotten Tomatoes မှာ 40% ရရှိထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ် ...

Running Time : 1hr 51min


Saturday, October 22, 2016

The Shallows (2016) - မြန်မာစာတန်းထိုး


ဇာတ်လမ်းအကျဉ်း
=========
           အမေကွယ်လွန်သွားလို့ ခံစားနေရတဲ့ ဆေးကျောင်းသူ နန်စီ အဒမ် (Nancy Adams) ဟာ သူ့ရဲ့ ရင်တွင်းဝေဒနာတွေ ဖြေဖျောက်ဖို့အတွက် လူသူ အရောက်အပေါက်နည်းတဲ့ ကမ်းခြေတစ်ခုဆီကို ထွက်လာခဲ့ပါတယ် ... အစကတော့ သူငယ်ချင်းတွေနဲ့ လာတာဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သူတစ်ယောက်တည်း ရေလွှာလျှောစီးဖို့ ဖြစ်လာခဲ့ပါတယ် ... အဲ့အချိန်မှာပဲ သူတစ်ယောက်တည်း   ရေလွှာလျှောစီးနေတုန်းမှာ ငါးမန်းကြီးတစ်ကောင်ရဲ့ ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတဲ့ နန်စီဟာ သူရောက်နေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ကျောက်ဆောင်တစ်ခုဆီကို ကူးသွားဖို့   ဖြစ်လာပါတော့တယ် ... ကျောက်ဆောင်ပေါ်ရောက်သွားတဲ့ အချိန်မှာ ငါမန်းကလည်း အဲ့ပတ်ဝန်းကျင် တ၀ိုက်မှာပဲ လှည့်လည်နေပါတယ် ... ဒဏ်ရာကလည်း ရထား ဒီရေကလည်း တဖြည်းဖြည်းတက်လာရာက မကြာခင် သူနေနေတဲ့ ကျောက်ဆောင်ကို ဖုံးလွှမ်းခါနီး အချိန်မှာတော့ ... နန်စီ တစ်ယောက် ဘာလုပ်မလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ် ...

June လမှ ထွက်ရှိတဲ့ထားတဲ့ ရုပ်ရှင်ကားဖြစ်ပြီး မင်းသမီး Blake Lively က ရင်သပ်ရှုမောဖွယ်ဖြစ်အောင် သရုပ်ဆောင်သွားထားပါတယ် ... အသုံးစရိတ် 17 million USD ကိုသာ အသုံးပြုထားပြီး Box Office မှာ ၀င်ငွေ 118.3 million USD ပြန်လည်ရရှိထားတဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ် ...

Rating တွေကတော့ IMDb မှာ 6.4 နဲ့ Rotten Tomatoes မှာ 77% ရရှိထားတဲ့ ဇာတ်ကားလည်း   ဖြစ်ပါတယ် ...

Running Time: 1hr 27min
Translator      : Eaint Chu San


Tuesday, October 11, 2016

Scholar Who Walks the Night Series (2015) - မြန်မာစာတန်းထိုး


ဇာတ်လမ်းအကျဉ်း ...

               ဟိုးအရင် ကိုရီးယားနိုင်ငံ ဂျိုဆန်ခေတ်မှာ ခေတ်အဆက်ဆက်ဘုရင်တွေဟာ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ အာဏာတည်မြဲဖို့အတွက် သွေးစုပ်ဖုတ်ကောင် အကူအညီတွေယူခဲ့ကြတယ် ... ဒါပေမယ့် အိမ်ရှေ့မင်းသား ဂျွန်ဟွမ်းလက်ထက်မှာ ခေတ်အဆက်ဆက် အကူအညီယူလာတဲ့   သွေးစုပ်ဖုတ်ကောင်တွေကို ဆန့်ကျင်ဖို့ ကြိုးစားလာတယ် ... သူ့ရဲ့ စိတ်ကူးက သွေးစုပ်ဖုတ်ကောင်ကို ကိုးကွယ်နေတဲ့ အုပ်ချုပ်မင်းလုပ်တဲ့ ဘုရင်ဟာ တိုင်းသူပြည်သားအပေါ်မှာ ဘယ်လို တာဝန်ကျေ မှာတုန်းဆိုတဲ့ စိတ်နဲ့ သွေးစုပ်ဖုတ်ကောင်တွေကို ဆန့်ကျင်ဖို့လုပ်တယ် ... သူနဲ့ ငယ်ငယ်လေး ကတည်းက ပေါင်းလာတဲ့ စာပေသမားပညာရှိလည်းဖြစ် သူရသတ္တိနဲ့လည်း ပြည့်စုံတဲ့ အွန်ဆွန်ဂို ဟာလည်း ဒီအကြောင်းတွေ သိသွားတဲ့အခါမှာတော့ ... ဆက်ပြီး ကြည့်ရှုအားပေးပေးပါဦးလို့ ... :) :) :) 

                 အမျိုးသမီးတွေ အသည်းစွဲဖြစ်တဲ့ မင်းသား Lee Joon-gi, အခြားသော လူကြိုက်များတဲ့ မင်းသားဖြစ်တဲ့ နာမည်ကြီး K-Pop အဖွဲ့ TVXQ မှ Shim Chang-minနဲ့ မင်းသား Lee Soo-hyuk တို့မှ ပါဝင်သရုပ်ဆောင်ထားပါတယ် ... 
                        မင်းသမီးတွေ အနေနဲ့ကတော့ Kim So-eun နဲ့ Lee Yu-bi တို့ ပါဝင်သရုပ်ဆောင်ထားပါတယ် ... 

IMDb မှာ 7.6, Viki မှာ 9.4 နဲ့ Dramafever မှာ 4.6 ရရှိထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပဲ ဖြစ်ပါတယ် ... အားပေးကြပါဦးလို့ ... :) :) :) 

.:: Download and Watch  ::.

Wednesday, July 27, 2016

Let's Fight Ghost Series (2016) - မြန်မာစာတန်းထိုး

ဒီလ ဒုတိယ အပတ်မှာ Korean Channel တစ်ခုဖြစ်တဲ့ tvN ကနေ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ ထုတ်လွှင့်တင်ဆက်တဲ့ Let's Fight Ghost ဆိုတဲ့ ဒီဇာတ်ကားလေးကို Sis Eaint Chu San မှ မြန်မာ ဘာသာပြန်ထားပြီး mmtv95 မှ ပြန်လည်တင်ဆက်လိုက်ရပါတယ် ...
Let's Fight Ghost ဆိုတဲ့ နာမည်အတိုင်းပဲ သရဲကားပါ ... ဒါပေမယ့် အရမ်းကြီး ခြောက်ခြားစရာကောင်းတဲ့ ပုံစံမျိုး မဟုတ်ပဲ ဟာသ, အချစ်ကိုပါ ပေါင်းစပ်ထားတဲ့ ချစ်စရာ ဇာတ်ကားလေးပါ ...
ကောင်လေး (Park Bong Pal)က သရဲတွေကို မြင်တွေ့နိုင်စွမ်းရှိပြီး အဲ့ဒီအစွမ်းနဲ့ပဲ သရဲတွေကို နှိမ်နင်းပြီး ပိုက်ဆံရှာနေတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက် ... တစ်ညမှ သူ့ဆီကို အထက်တန်းကျောင်းက ကောင်မလေးတစ်ယောက် ညကြီးမင်းကြီးမှာ သူတို့ကျောင်းကို လာပြီး သရဲနှိမ်နင်းဖို့ တောင်းဆိုတဲ့အခါ ... ဘာတွေဆက်ဖြစ်လာမလည်းဆိုတာ ကြည့်ရှုပြီး အားပေးကြပါဦးလို့ ...
Park Bong Pal အဖြစ် နာမည်ကြီး KPOP အဖွဲ့ 2PM ရဲ့အဆိုတော်တစ်ယောက်ဖြစ်တဲ့ Ok Taec-yeon က ပါဝင်သရုပ်ဆောင်ထားပြီး Kim Hyun Ji အဖြစ် အသက် (၁၇)နှစ်သာ ရှိသေပေမယ့် နာမည်ကြီး မင်းသမီးလေး Kim So Hyun က ပါဝင်သရုပ်ဆောင်ထားပါတယ် ..

ကြည့်ရှုပြီး အားပေးကြပါဦးလို့ ... :) :) :)

Download and Watch Here >>>

Tuesday, July 19, 2016

The Abandoned (2015) - မြန်မာစာတန်းထိုး

ဇာတ်လမ်းအကျဉ်းကတော့ စိတ်ဂယောင်ချောက်ခြားဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ရဲ့ စိတ်ဝေဒနာတွေကို ကုစားတဲ့အနေနဲ့  စွန့်ပစ်ထားတဲ့ အဆောက်အဦးတစ်ခုမှာ ညစောင့်အနေနဲ့ အလုပ်ဝင်လုပ်ခဲ့တယ် ... ဒါပေမယ့် သူ့ရဲ့ ပထမဆုံးညမှာတင်ပဲ ဒီအဆောက်အဦးထဲမှာ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ရှိနေတယ်ဆိုတာ သူတွေ့ရှိခဲ့တယ် ... သူ ကြုံတွေ့ခဲ့ရတဲ့ အာရုံခံစားမှုတွေက တကယ်ပဲလား ... စိတ်ကူးထဲမှာ ဖြစ်နေတာလားဆိုတာ ဆက်ကြည့်လိုက်ပါဦး ...

ဒီကားလေးဟာ ၂၀၁၅မှာ ထွက်ရှိခဲ့တဲ့ Horror,Thriller, Mystery အမျိုးအစားဖြစ်ပါတယ် ... IMDb မှာ 5 ရရှိထားပြီး ခြောက်ခြားတာတွေ ကြောက်လန့်တာတွေကို ကြိုက်နှစ်တဲ့သူတွေအတွက်တော့ ကြိုက်မယ်ထင်ပါတယ် ...

ဒီကားလေးကို Sis Eaint Chu San က ဘာသာပြန်ထားပေးပြီး mmtv95 မှ တင်ဆက်လိုက်ပါတယ် ....

Running Time: 1hr 28min

Thursday, July 14, 2016

Run Phee (2015) - မြန်မာစာတန်းထိုး


သရဲကားတွေ ခြောက်ခြားစရာကားတွေ ကြည့်ချင်တဲ့သူတွေအတွက် ...
2015 မှာ ထွက်ရှိခဲ့တယ့် Thai Horror Movie ဖြစ်တဲ့ Run Phee (Senior) ဇာတ်ကားလေးပါ ... ဒီဇာတ်ကားလေးထဲမှာ မင်းသမီးက ၁၂တန်းေ ကျာင်းသူဖြစ်ပြီး ငယ်ငယ်လေးတုန်းက ကား မတော်တဆဖြစ်ရာကနေ နာနာဘာဝတွေ ၀ိညာဉ်တွေကို မမြင်ရပေမယ့် အနံ့ခံ အာရုံရှိတဲ့သူ ... အဲ့ဒီအချိန်မှာ ၀ိညာဉ်ကောင်လေးတစ်ယောက်ပေါ်လာပြီး မင်းသမီးကို အကူအညီတောင်းခဲ့တယ် .. ဘာလို့ အကူအညီ တောင်းခဲ့လည်း ဘယ်လိုတွေ ဆက်ကြမှာလည်းဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပြီး အားပေးကြပါဦးလို့ ... 
ဒီကားလေးထဲက မင်းသမီးဟာ အားလုံး ရင်းနှီးဘူးပြီးသားဖြစ်တယ့် Thai ဆယ်ကျော်သက် အဆိုတော်မလေး Jannine Weigel ပဲ ဖြစ်ပါတယ် ... IMDb မှာ 6.5 ရရှိထားတဲ့ Horror ကားလေးပဲ ဖြစ်ပါတယ် ... 
ဒီကားလေးကို Sis Eaint Chu San က Thai Language ကနေ တိုက်ရိုက်ဘာသာာပြန်ပေးထားပြီးတော့ mmtv95 မှ တင်ဆက်ပေးလိုက်ရပါတယ် ... အားပေးကြပါဦးလို့ 

Running Time: 1hr 48min


Friday, July 8, 2016

Pathfinder (2007) - မြန်မာစာတန်းထိုး



မျိုးနွယ်စုတွေနဲ့ Viking တွေရဲ့ တိုက်ပွဲအပြီးမှာ Viking ကောင်လေးဟာ ရှင်ကျန်ခဲ့သူ ဖြစ်လာပါတယ် ... သူ့ကို ကယ်တင်ပေးတဲ့ မျိုးနွယ်စုတွေအတွက် တိုက်ပွဲဝင်ပေးရင်း Norsemen ကို တိုက်ခိုက်ရင်းနဲ့ပဲ မျိုးနွယ်စုတွေရဲ့ ကယ်တင်ရှင်ဖြစ်လာပါတယ် ... သမိုင်းဦးအစက Viking တွေနဲ့ မျိုးနွယ်စုကြားက အကြောင်းတွေကို ရိုက်ထားတဲ့ ဒီ Pathfinder ကားလေးကို 2007 ခုနှစ်ကထွက်ရှိခဲ့ပါတယ် ...

IMDb မှာ 5.4 ရရှိထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ် ... Viking ပရိတ်သတ်တွေ မျိုးနွယ်စုတွေ ကို ကြိုက်တဲ့သူတွေကတော့ ဒီကားလေးကို နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ် ... 

ဒီဇာတ်ကားကို ဘာသာပြန်ထားပေးတဲ့သူကတော့ Bro Aye Chann Lwin ဖြစ်ပြီး MMTV95 က တင်ဆက်ပေးလိုက်ရပါတယ် ...

Running Time: 1hr 47min

Thursday, July 7, 2016

Doctor Strange (2007) - မြန်မာစာတန်းထိုး




ဒီဇာတ်ကားလေးကို 2007 တုန်းက ထွက်ရှိခဲ့ပါတယ် ... Doctor Strange (2016) မထွက်ခင်မှာ 2007 အခုနှစ်က ထွက်ရှိခဲ့တယ့် ဒီ Animation ဇာတ်ကားလေးကို အရင်ကြည့်ပြီး ဖြေသိမ့်ထားပါဦးလို့ ...

IMDb မှာ 6.8 ရရှိထားပြီး Rotten Tomatoes မှာ 58% ရရှိထားတဲ့ ဇာတ်ကားလေးပါ ...

ဒီဇာတ်ကားကို Bro Khin Latt မှ ဘာသာပြန်ထားပြီး MMTV95 မှ တင်ဆက်ပေးလိုက်ပါတယ် ...

Running Time: 1hr 17min


Wednesday, July 6, 2016

Arrowhead (2016) - မြန်မာစာတန်းထိုး




 ၂၀၁၆ခုနှစ် အစပိုင်းမှာ ထွက်ရှိလာတဲ့ Sci - Fi ကား တစ်ကားပါ ...  
လူသူကင်းမဲ့တဲ့ ဂြိုလ်တစ်ခုမှာ ရှင်သန်ဖို့ ကြိုးစားပြီး လက်စားချေမှုတွေ သိပ္ပံအက်ရှင်တွေနဲ့ ဇာက်ကားတစ်ကားပါ ... 
မင်းသား Dan Mor 
မင်းသမီး Aleisha Rose တို့ ပါဝင်သရုပ်ဆောင်ထားပါတယ် ...

IMDb မှာ Rating 4.5 ရရှိထားတဲ့ Sci-Fi ကားတစ်ကားပါ ...

ဒီကားကို Bro Aye Chann Lwin မှ ဘာသာပြန်ထားပြီး MMTV95 မှ တင်ဆက်ပေးလိုက်ပါတယ် ...

Running Time: 1hr 39min 

Friday, June 17, 2016

Justice League vs. Teen Titans (2016) - မြန်မာစာတန်းထိုး

ဖခင်ဖြစ်သူ Batman တို့ ဖွဲ့စည်းထားတဲ့ Justice League မှာ Batman ရဲ့ သား Damian တဖြစ်လဲ Robbin ဟာ အဖွဲ့အစည်းစိတ်ဓာတ်မရှိတာကြောင့် Starfire ဦးဆောင်နေတဲ့ လူငယ်အဖွဲ့အစည်း Teen Titans တွေဆီကို အသင်းစိတ်ဓာတ်ရှအောင် ပညာသင်လွှတ်လိုက်ပါတယ် ... အစပိုင်းမှာ Damian ဟာ ဘယ်လိုမှ Teen Titans တွေနဲ့ သဟဇာတ မဖြစ်ပါဘူး .. တဖြည်းဖြည်းနဲ့ မိစ္ဆာကောင် Trigon ရင်ဆိုင်လာရတဲ့ အချိန်မှာ ဘာတွေဖြစ်လာမလည်းဆိုတာ ဆက်လက်အားပေးပါဦး လို့ ... :) :) :) ဧပြီလမှာထွက်ရှိလာတဲ့ ဒီကားလေးကို Super Heroes Fans တွေ နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ် ...

Running Time : 1hr 20min

Tuesday, June 14, 2016

Colonia (2015) - မြန်မာစာတန်းထိုး


ဖြစ်ရပ်မှန်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဒီကားကို မင်းသမီး Emma Watson နဲ့ မင်းသား Daniel Brühl တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ...
၁၉၇၃ခုနှစ် ချီလီ စစ်အာဏာသိမ်းမှုတွေ နဲ့ ဆန္ဒပြပွဲတွေကြားက ချစ်သူနှစ်ဦး ... တစ်ရက် ဗိုလ်ချုပ်ကြီး ပီနိုချက်ရဲ့ အထူးတပ်ဖွဲ့ဖြစ်တဲ့ DINA ဆိုတဲ့ အဖွဲ့အစည်းက ဒန်နီရယ်လ် ကို နိုင်ငံရေးပိုစတာ ဖြန့်ဝေမှုနဲ့ ဖမ်းဆီးသွားခဲ့ပါတယ် ... ဒါကို သူ့ချစ်သူကောင်မလေး လီနာက စုံစမ်းတဲ့အခါ ဒန်နီရယ်လ်ကို လျို့ဝှက်ပြီး ပြန်လမ်းမရှိတဲ့ နေရာဆီ ပို့မှာဖြစ်ကြောင်း ... အဲ့ဒီနေရာက အစိုးရနဲ့လည်း ပနံသင့်တဲ့အကြောင်း ... အဲဒီနေရာ ယောကျာ်း မိန်းမ ခွဲခြားဆက်ဆံပြီး အထူးသဖြင့် ကလေးတွေကို လိင်ပိုင်ဆိုင်ရာ ကျူးလွန်မှုတွေ ရှိတဲ့အကြောင်း ... အစသဖြင့် လူသားမဆန်တဲ့ နေရာတစ်ခု ဖြစ်ကြောင်း လီနာ သိလိုက်ရတယ် ... အဲဒီနေရာကတော့ "Colonia Dignidad" ...
လီနာဟာ သူလိုက်ရမယ် လေယာဉ်ရဲ့ လေယာဉ်မှုးကို သူ နောက် (၇) ရက်နေရင် ပြန်လာမယ် ဖြစ်ကြောင်း .. အခုတော့ အလုပ်ကိစ္စတစ်ခုကြောင့်မို့ မလာနိုင်ကြောင်း ပြောဆိုပြီး  သူ့ချစ်သူ ဒန်နီရယ်လ်ကို ကယ်ထုတ်ချင်တဲ့ စိတ်နဲ့ပဲ "Colonia Dignidad" ကို သူကိုယ်တိုင်ပဲ ထွက်လာခဲ့တယ် ...
တကယ်ပဲ လီနာဟာ သူ့ချစ်သူကို အဲ့ဒီ လူသားမဆန်တဲ့ နေရာကနေ ကယ်ထုတ်နိုင်မလား ... မကယ်ထုတ်နိုင်ဘူးလား ဆိုတာတော့ ဆက်ကြည့်ကြည့်ကြပါဦး ... :) :) :)

IMDb မှာ 7.2 ရရှိထားပြီး Rotten Tomatoes မှာ 23% ပဲ ရရှိထားပေမယ့် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါ ...  အားပေးကြပါဦး ...

Running Time : 1hr 50min

Thursday, June 9, 2016

10 Cloverfield Lane (2016) - မြန်မာစာတန်းထိုး



ဇာတ်လမ်းအစမှာ မီရှယ်က သူ့ကောင်လေးနဲ့ စကားများပြီးတော့ ထွက်လာတဲ့လမ်းမှာ မတော်တဆ ထိခိုက်မှုနဲ့ ကြုံခဲ့တယ် ... နိုးလာတော့ ဘာမှမရှိတဲ့ အခန်းထဲရောက်နေတာ သူသိလိုက်ပြီး သူ့မှာ ဒဏ်ရာပါရနေတာ သိလိုက်ရတယ် ... နောက်တော့ သူရောက်နေတာ မြေအောက်ခန်းတစ်ခုရယ် ပြီးတော့ ဟောင်းဝဒ် နဲ့ အဲမစ်ဆိုတဲ့ ယောကျာ်လေး သူစိမ်းနှစ်ယောက်ရယ်ဆိုတာ သူသိလိုက်တယ် ... မြေအောက်ခန်း ပိုင်ရှင် ဟောင်းဝဒ်က မီရှယ်ကို ထိခိုက်မှုနေ ကယ်လာတဲ့ ဖြစ်ကြောင်း ... မြေပေါ်မှာလည်း အဆိပ်ငွေ့တွေကြောင့် အသက်ရှင်ကျန်နေတဲ့သူမရှိကြောင်း ရှင်းပြခဲ့တယ် ... အဲ့ဒါတွေကို မယုံကြည်တဲ့ မီရှယ်တစ်ယောက်ဟာ အခွင့်ရေးရတဲ့တစ်နေ့မှာ ထွက်ပြေးဖို့ ကြိုးစားရင်းနဲ့ပဲ ... ဘာတွေဆက်ဖြစ်မလည်းဆိုတာ ဆက်ကြည့်လိုက်ပါဦး ... :) :) :)
မင်းသားကြီး John Goodman
မင်းသား John Gallagher, Jr. နဲ့
မင်းသမီး Mary Elizabeth Winstead တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ...

IMDb မှာ 7.4, Rotten Tomatoes မှာ 90% နဲ့ Metacritic မှာ 76% ရရှိထားတဲ့ March (2016) တုန်းက ထွက်ခဲ့တဲ့ ဇာတ်ကားလေးပါ ...

 
Running Time :  1hr 44min

Saturday, June 4, 2016

Anomalisa (2015) - မြန်မာစာတန်းထိုး

"Anomalisa" ဟာ 2016 Oscar ပေးပွဲမှာ ဇကာတင်ရွေးချယ်ခံထားခဲ့ရပြီး Oscarနဲ့လွဲခဲ့ရတဲ့ လူကြီးကြည့် Animation ဇာတ်ကားတစ်ကားပါ ... မေးခွန်းပေါင်းများစွာနဲ့ ဘာဖြစ်လားမလည်းဆိုတဲ့ စခဲ့တဲ့ ဒီဇာတ်ကားလေး ဟာ နောက်ဆုံး ဇာတ်သိမ်းခန်းအထိကို ဆွဲဆောင်သွားနိုင်ပါတယ် ... ပုံမှန် မြင်နေကျ Animation ဇာတ်ကားတွေနဲ့ ကွဲထွက်နေပြီး လူ့တစ်ယောက်ရဲ့ စိတ်ထဲ ခံစားနေရတဲ့ ပုံရိပ်တွေကို အကောင်းဆုံး ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ခုပါ ... ဘာဆက်ဖြစ်မှာလည်း, ဘယ်လိုတွေ ဖြစ်ေ်နတာလည်း ဆိုတာတွေ ပုံဖော်လို့မရတာတွေ ဇာတ်ရှိန်ကို ပိုလို့တောင် မြင့်တက်စေပါတယ် ...
IMDb မှာ 7.2, Rotten Tomatoes မှာ 92% နဲ့ The Guardian မှာ 5/5 Rating ရရှိထားပြီး Oscar (2016) မှာ ဇကာတင်စာရင်းထဲ ပါဝင်ခဲ့တဲ့ Animation ဇာတ်ကားကောင်းဆိုလည်း မမှားပါဘူး ...

Running Time : 1hr 31min


Sunday, May 22, 2016

God of War: Zhao Yun Series (2016) - မြန်မာစာတန်းထိုး

ဒီနှစ်ထဲမှာ ထွက်ရှိလာတဲ့ ဒီတရုတ်ဇာတ်လမ်းတွဲဟာ ငယ်ငယ်ကတည်းက အခု အချိန်ထိ ဂိမ်းလောကမှာ PC ဂိမ်းလောကမှာ နာမည်ကြီးတဲ့ သုံးနိုင်ငံဂိမ်းကို အခြေခံပြီး ရိုက်ကူးထားတာပါ ... အဓိက ဇာတ်ကောင်ကတော့ ဂိမ်းတွေထဲမှာ နာမည်ကြီးတဲ့ လှံတံရှည်ကိုင်တဲ့ သူရဲကောင်း Zhao Yun ကို အဓိက ပုံဖော်ထားပါတယ် ... တခြားနာမည်ကြီး ဇာတ်ကောင်တွေ ဖြစ်တဲ့ Lu Bu, Dong Zhuo, Chao Chao, Guan Yu, Diao Chan အစရှိတဲ့ သုံးနိုင်ငံဂိမ်းထဲက ဇာတ်ကောင် အကုန်နီးပါးကို မြင်တွေ့ရမှာပါ ...
IMDb မှာ 7.5 ရရှိထားပြီး MyAsianTV မှာ 7.8 ရရှိထားတဲ့ နာမည်ကြီး ဇာတ်ကားကောင်းတစ်ခုပါ ... ကြည့်ကြည့်ကြပါဦးလို့

Download and Watch Here >>>

Thursday, May 19, 2016

Mood of the Day (2015) - မြန်မာစာတန်းထိုး

၁၀ နှစ် ရည်းစားသက်တမ်း ရှိတဲ့ ဆူးဟွန်းတို့ စုံတွဲဟာ တဖြည်းဖြည်းနဲ့ သွေးအေးလာခဲ့ကြပါတယ် ... တစ်ရက် ဆူးဟွန်ဟာ အလုပ်ကိစ္စနဲ့ ဘူဆန်မြို့ကို အသွား ရထားပေါ်မှာ ခုံဘေးချင်းကပ်ထိုင်တဲ့ ဂျေယွမ်းနဲ့ ဆုံတွေ့တဲ့ အခါမှာတော့ ... ဆက်ကြည့်ကြည့်ပါဦး ...
MyAsianTV မှာ 9.1 ရထားပြီး IMDb မှာ 6.9 ရထားတဲ့ ကိုရီးယား အချစ်ဇာတ်ကားလေးပါ ...
အားပေးကြပါဦး ...

Running Time: 1hr 44min

Monday, May 16, 2016

The Huntsman: Winter's War (2016) - မြန်မာစာတန်းထိုး


Snow White and the Huntsman ပြီးတော့ နောက်ထပ် ထပ်ထွက်လာတဲ့ The Huntsman: Winter's War ပါ ...
သောကတွေ ဒေါသတွေ ပြည့်နေတဲ့ Freya ဟာ မြောက်ပိုင်းမှာ ကိုယ်ပိုင်နန်းတော်တည်ထောင်ပြီး သူရဲ့ Huntsman တွေကို အင်အားကြီးမားတဲ့ စစ်တပ်တစ်ခုဖြစ်အောင် ဖန်တီးခဲ့ပါတယ် ... ကလေးတွေကို ငယ်ငယ်လေးကတည်းက ဖမ်းဆီးပြီး ဘာသံယောဇဉ်မှ မရှိအောင် လေ့ကျင့် ပျိုးထောင်ပေးတယ် ... သူဟာ တိုင်းပြည်ကို "Do Not Love!" ဘယ်သူ့ကိုမှ သံယောဇဉ် မရှိရဘူးဆိုတဲ့ အတ္တစိတ်နဲ့ အုပ်ချုပ်ခဲ့ပါတယ် ...
ဒါကို သူ့ရဲ့ Huntsman တွေဖြစ်တဲ့ Eric နဲ့ Sara က တစ်ဦးကို တစ်ဦး ချစ်ကြိုက်ပြီး သံယောဇဉ် ရှိသွားတာကို Freya သိသွားတဲ့အခါမှာတော့ ... ဆက်ပြီးကြည့်ကြည့်ပါဦးပေါ့နော် ...
IMDb မှာ 6.2 ရရှိထားပြီး Rottten Tomatoes မှာတော့ Rating အရမ်းနည်းပါတယ် 17% ပဲ ရရှိထားပါတယ် ... ဒါပေမယ့် Freya နဲ့ Ravenna တို့ ညီအမ နှစ်ယောက်ရဲ့ ၀တ်စုံ ဒီဇိုင်းကိုတော့ သေသေချာချာကြီး ပြုလုပ်ထားပါတယ် ...
Thor မင်းသား Chris Hemsworth က Eric အဖြစ်သရုပ်ဆောင်ထားပြီး
Sara အဖြစ် Jessica Chastain
Freya (Queen of North) အဖြစ် Emily Blunt Official
Ravenna (Evil Queen) အဖြစ် Charlize Theron တို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ် ...

Running Time : 1hr 53min


Wednesday, May 11, 2016

You are the Apple of My Eye (2011) - မြန်မာစာတန်းထိုး


ဒီတစ်ခေါက်ကတော့ ထိုင်ဝမ်ကျောင်းသား အချစ်ဇာတ်ကားလေးပါ ...
အထက်တန်းကျောင်းသား/သူ ဘ၀တုန်းက ဆယ်ကျော်သက်ဘ၀ ရဲ့ ခံစားမှု ...
အတန်းကြီးလာပြီး တက္ကသိုလ်တွေတက်ရတဲ့အခါ ဖြတ်သန်းရတဲ့ ခံစားမှု ...
ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ အိပ်မက်ကိုယ်စီ ယုံကြည်ရာကိုယ်စီနဲ့ လူငယ်တစ်စု ကြားက အချစ်ရေး ...
ကြီးကြီးမားမားကြီး လုပ်ပြသွားတာမျိုးမဟုတ်ပဲ ရိုးရိုးလေးနဲ့ ဇာတ်လမ်းကို တည်ဆောက်သွားတဲ့ ဇာတ်ကားမျိုးပါ ... နည်းနည်းလေးတော့ အမြင်မတော်တာမျိုးလေးတွေ ပါပေမယ့်လည်း ကြည့်ကြည့်ကြပါဦးလို့ ...
ဒီဇာတ်ကားလေးကို ကြည့်ပြီး အထက်ကျောင်းသား/သူ ဘ၀တွေကို တဖန်ပြန်လည် လွမ်းဆွတ်မိစေမှာပါ

IMDb မှာ 7.7 ရရှိထားပြီး Rotten Tomatoes မှာ 84% တောင်ရရှိထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ် ...
မကြည့်ရသေးတဲ့သူတွေ ကြည့်ကြည့်လိုက်ပါဦး ...

Running Time : 1hr 50min


Saturday, April 30, 2016

Jurassic World (2015) - မြန်မာစာတန်းထိုး


လွန်ခဲ့တဲ့ ၂၂က Jurassic Park ပျက်စီးသွားပြီးနောက် အပန်းဖြေစရာ တစ်ခု Jurassic World ဆိုပြီး ပြန်လည် ဖွင့်လှစ်လာခဲ့ပါတယ် ... နည်းပညာမြင့် ဒိုင်နိုဆောတွေ ဖန်တီးထားပြီးတော့ အဲ့ဒီအထဲမှာမှ အင်ဒိုမီနပ်စ် ရက်စ် လို့ ခေါ်တဲ့ ဥာဏ်ရည်မြင့် ဒိုင်နိုဆောတစ်ကောင်ကို ဖန်တီးရာကနေ Jurassic World ဘာတွေဖြစ်သွားမလည်း ... ဆိုတာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ် ...
IMDb မှာ 7.1 ရရှိထားပြီး Rotten Tomatoes မှာ 71% ရရှိထားတဲ့ ဇာတ်ကားကောင်းလည်း ဖြစ်ပါတယ် ...

Thursday, April 21, 2016

Epic (2013) - မြန်မာစာတန်းထိုး


မေရီ ကတ်သရင်းဟာ တောစပ်နားမှာ သုတေသနလုပ်နေတဲ့ သူ့အဖေဆီကို ရောက်လို့လာပါတယ် ... သူ့အမေ ဆုံးသွားပြီးတဲ့ နောက်မှာ ရှာဖွေစူးစမ်းမှုတွေကို မရမ်မနားလုပ်တတ်တဲ့ သူ့အဖေကို ဖျောင်းဖျရင်း အးအေးချမ်းချမ်းနေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာခဲ့တာပါ ... ဒါပေမယ့် သစ်တောထဲကနေ အကောင်သေးသေးလေးတွေရဲ့ ဆက်စပ်မှုတွေကို ရှာဖွေတွေ့ရှိထားတဲ့ သူ့အဖေဟာ အတော်ခရီးရောက်နေပြီ ဖြစ်တဲ့ သုတေသန လုပ်ငန်းတွေကို မရပ်တန့်ခဲ့ပါဘူး ... တစ်ရက်မှာ ဒါကို စိတ်ပျက်သွားတဲ့ မေရီကတ်သရင်း ခေါ် MK ဟာ မြို့ကို ပြန်သွားမယ်အလုပ်မှာ မထင်မှတ်ထားတဲ့ အကြောင်းတရားတွေ ဖြစ်လာခဲ့ပါတယ် ... သူမ မယုံကြည်ထားတဲ့ အကောင်သေးသေးလေးတွေကို ကိုယ်တွေ့ ကြုံရရုံသာမက ဘယ်လိုမျိုးစွန့်စားခန်းတွေနဲ့ ဘာတွေဆက်ဖြစ်လာမလည်းဆိုတာ ကြည့်ရှုရမှာပါဖြစ်ပါတယ် ...
Teamwork, Courage နဲ့ ချစ်ခြင်းတရားတွေက ဒီဇာတ်လမ်းကို အကောင်းဆုံးပံပိုးပေးသွားပါတယ် ...
မေရီကတ်သရင်း အဖြစ် Amanda Seyfried
ဘုရင်မ တာရာ အဖြစ် Beyonce
နော့တ်ထ် အဖြစ် Josh Hutcherson
ရိုနင် အဖြစ် Colin Farrell တို့က အသံနဲ့ သရုပ်ဆောင်ထားပါတယ် ...
IMDb မှာ 6.7 ရထားပြီး Rotten Tomatoes မှာ 64% ရထားတဲ့ ဇာတ်ကားကောင်း တစ်ခုဆိုလည်း မမှားပါဘူး ...

Running Time : 1hr 43min
Quality           : HD 720P

Thursday, April 14, 2016

The Good Dinosaur (2015) - မြန်မာစာတန်းထိုး



လွန်ခဲ့နှစ်သန်းပေါင်းများစွာက Apatosaurus ဆိုတဲ့ ဒိုင်နိုဆို သတ္တ၀ါ မိသားစုမှာ Arlo ဆိုတဲ့ Apatosaurus လေး တစ်ကောင်ဟာ မွေးကတည်း ကြောက်ရွံ့ထိတ်လန့်စွာနဲ့ ကြီးပြင်းလာခဲ့ရတယ် ... နောက်ပိုင်းမှာ သူရဲ့ ကြောက်ရွံ့မှုတွေကို လူသားမျိုးနွယ်တွေရဲ့ အစဖြစ်တဲ့ ကမ္ဘာဦးလူသားလေးနဲ့ ပူးပေါင်းပြီး ဘယ်လို ဖြတ်သန်းကြမလည်းဆိုတာ ဒီဇာတ်ကားမှာ မြင်တွေ့ရမှာပါ ...
            "ကြောက်ရွံမှုသာ ရှိနေရင် ရှေ့ဆက်အသက်ရှင်လို့မရဘူး"
            "ကြောက်ရွံ့မှုဟာ သဘာဝရဲ့ လက်ဆောင်ပဲ" အစရှိသဖြင့် ဒီကားထဲမှာ ညွှန်းဆိုထားတဲ့ ကြောက်ရွံ့မှုတွေဟာ Arlo ကို ဘယ်လို ပြောင်းလဲသွားစေတယ်ဆိုတာ မြင်တွေ့ရမှာပါ
IMDb မှာ 6.3 ရထားပြီး Rotten Tomatoes မှာ 76% ရထားတဲ့ ဇာတ်ကားကောင်းလည်း တစ်ခု ဖြစ်ပါတယ် ...
Running Time : 1hr 33 min
Quality           : HD 640P