Monday, May 29, 2017

Kidnap (2017) - မြန်မာစာတန်းထိုး

March လတုန်းက ထွက်ထားတဲ့ ဇာတ်ကားလေးပါ ... ဇာတ်လမ်းကတော့ အထွေအထူး ပြောစရာမရှိပါဘူး ... Single Mother တစ်ယောက်ဖြစ်တဲ့ Karla Dyson ဟာ သူ့သားဖြစ်တဲ့ Frankie Dyson ကို အရမ်းချစ်တဲ့ မိခင်တစ်ယောက်ပါ ... စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးလုပ်ကိုင်ပြီး သားဖြစ်သူရှိရင် ဘ၀ကို ပြည့်စုံနေပြီလို့ ထင်နေသူလည်း ဖြစ်ပါတယ် ... တစ်ရက် သူ့သားလေးကို ကစားကွင်းလိုက်ပို့ရင်း သားလေးကို ပြန်ပေးဆွဲခံလိုက်ရပါတယ် ...တခြားသူတွေသာဆို ရဲစခန်းကိုပဲ ဦးတည်သွားနိုင်ပေမယ့် Karlaကတော့ ပြန်ပေးဆွဲသမားနောက်ကို ထပ်ချပ်မကွာလိုက်ရင်း သူ့သားကို ပြန်လည်ရရှိဖို့ ကြိုးပမ်းခဲ့ပါတယ် ... ဇာတ်လမ်းကတော့ သားကိုချစ်တဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာ၊ ဘယ်တော့မှ ကိုယ့်ရင်သွေးအပေါ်ကို လက်လွှတ်ဆုံးရှုံးမခံနိုင်ပဲ ရေကန်ရေခမ်း သားဖြစ်သူပြန်ရဖို့ ဘာမဆို ကြိုးစားခဲ့တဲ့ Karla ရဲ့ မေတ္တာကို မြင်တွေ့ရမှာဖြစ်ပါတယ် ...

IMDbမှာ Rating 6.4 ရထားပြီး Eaint Chu San မှ ဘာသာပြန်ထားပါတယ်...

.:: Download and Watch ::. 

Tuesday, May 23, 2017

Before I Fall (2017) - မြန်မာစာတန်းထိုး

February 12 (ကျူးပစ်နေ့) ဟာ ဆမ်မမ်သာရဲ့ဘ၀အတွက် ပျော်စရာနေ့တွေထဲတစ်ခုပါ ဒါပေမယ့် အဲ့ဒီနေ့ဟာ သူ့ရဲ့ နောက်ဆုံးနေ့ဆိုတာ မပြောင်းလဲသွားခင်အထိပေါ့ ...

အဲ့ဒီနေ့မနက်မှာ ဆမ်မမ်သာကို လင်ဆေးလာခေါ်ပြီး တခြားသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အယ်လ်လီနဲ့ အယ်လ်လိုဒီတို့နဲ့ အတူ ကျောင်းသွားခဲ့ပါတယ် ... ကျောင်းမှာ ကျူးပစ်နေ့ရဲ့ ထုံစံအတိုင်း ကောင်လေးတွေဟာ သူတို့ကြွေနေတဲ့ ကောင်မလေးတွေကို နှင်းဆီပန်းလေတွေ ပေးကြပါတယ်... အများဆုံး ရတဲ့သူက နာမည်ကြီးပဲပေါ့...

ဆမ်မမ်သာဟာ အတန်းထဲမှာ သူ့ကောင်လေး ရော့ဘ်ပို့လိုက်တဲ့ နှင်းဆီပွင့်အပြင် တခြားကောင်လေးတစ်ယောက် (ကန့်) ပို့လိုက်တဲ့ နှင်းဆီပွင့်ပါ လက်ခံရရှိခဲ့ပါတယ် ... အတန်းပြီးတော့ ကန့်ဟာ ည သူ့အိမ်မှာ ပါတီလုပ်ဖို့ ဖိတ်ကြားခဲ့တယ်... နောက်ပြီး ဆမ်မမ်သာတို့ သူငယ်ချင်းလေးယောက်ဟာ ကန်တင်းမှာ လူငယ်သဘာဝအရ ပေါက်တတ်ကရတွေ ပြောနေဆိုနေကြတုန်းမှာပဲ ဂျူးလီးယက်ဆိုတဲ့ ကောင်မလေးတစ်ယောက် ကန်တင်းထဲကို ၀င်လာတာကို သူတို့တစ်အုပ်လုံးက ၀ိုင်းပြီးနောက်ပြောင်ကြပါတယ် ...

ညရောက်တော့ သူတို့အုပ်စုဟာ ကန့်ဖိတ်ထားတဲ့ သူ့အိမ်က ပါတီကို သွားကြပြီး ပါတီမှာ မဖိတ်ခေါ်ပဲ ရောက်လာတဲ့ ဂျူးလီးယက်ကို တွေ့ရာက ပြဿနာတက်ပြီး သူတို့အုပ်စုဟာ အိမ်ပြန်သွားခဲ့တယ် ... အပြန်လမ်းမှာ ကားမတော်တဆမှု ဖြစ်သွားခဲ့ပါတယ် ...

ဒါပေမယ့် ဆမ်မမ်သာဟာ အဲ့ဒီနေ့ မနက်ကို ပြန်ရောက်နေပြီး သူမနက်နိုးလာတဲ့ ပုံအတိုင်းပဲရှိနေကာ တစ်နေလုံး သူဖြစ်ပျက်ခဲ့တာတွေပဲ ပြန်လည်ဖြစ်ပျက်ခဲ့တယ် ... အဲ့လို ထပ်ခါတလဲလဲ ဖြစ်နေတဲ့ သူ့ရဲ့ အဲ့ဒီနေ့မှာ နောက်ဆုံး သူသိလိုက်တာ လူတွေဟာ သူတို့ထင်ထားသလိုမဟုတ်ကြဘူး ... အားလုံးက သူ့အဆင်းသူ့အချင်းနဲ့ပဲ ဆိုတာ သေချာသိမြင်လိုက်ရပါတယ် ... နောက်ဆုံးဘယ်လို အဆုံးသတ်သွားလည်းဆိုတာတော့ ကြည့်လိုက်ကြပါဦး ...

ဒီဇာတ်ကားဟာ ၂၀၁၀ခုနှစ်က စာရေးဆရာမ Lauren Oliver ရေးထားတဲ့ ရောင်းရအကောင်းဆုံး စာရင်းဝင်တဲ့ စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ် ... "အရာအားလုံးဟာ သေချာကြည့်လိုက်ရင် လှလာပါလိမ့်မယ်"ဆိုတဲ့ စာရေးဆရာမ Lauren Oliver ရဲ့ Before I Fall ဟာ ဇာတ်ကားကြည့်ပြီးတဲ့နောက် ရင်ထဲမှာတစ်ခုခု ကျန်နေခဲ့မယ်ဆိုတာ သေချာပါတယ် ...

ဒီဇာတ်ကားဟာ IMDb မှာ 6.4, Rotten Tomatoes မှာ 66% Rating ရရှိထားတဲ့ဇာတ်ကားလည်း ဖြစ်ပါတယ် ... ကြည့်ရှုလိုက်ကြပါဦးလို့ ...

mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

:: Download and Watch ::.


Saturday, May 13, 2017

The 100 (2014) Season 2 - မြန်မာစာတန်းထိုး






Season အဆုံးမှာ Grounders တွေက ကလာခ့်တို့ ဖင်းန်တို့ရဲ့ စခန်းကို လာတိုက်လို့ ရေဗင်ပြုလုပ်ထားတဲ့ မိုင်းအပြင်းစားကြောင့် စခန်းပတ်ပတ်လည်မှာ ရောက်နေတဲ့ Grounders တွေ သေဆုံးသွားခဲ့ပါတယ် ... အားလုံး ပြီးတဲ့နောက် ကလာခ့်တို့ အပြင်ထွက်လာတဲ့အချိန်မှာ ဘယ်ကမှန်းမသိတဲ့ လက်နက်ကိုင်တွေ ရောက်ရှိလာပြီး မီးခိုးဗုံးတွေ သုံးကာ ကလာခ့်တို့ အားလုံးကို ခေါ်ဆောင်သွားခဲ့ပါတယ် ...တကယ်တမ်း သူတို့ရောက်သွားတဲ့ နေရာကတော့ Mount Weather ဖြစ်ပါတယ် ...

ဒီအပိုင်းမှာ Mount Weather မှာ ရောက်နေတဲ့ ကလာခ့်တို့တွေရဲ့ ရုန်းကန်မှု, မြေပြင်ပေါ် ဆင်းလာတဲ့ Ark ရဲ့ ရှင်သန်မှု, Grounders, Reapers တို့ရဲ့ နယ်မြေလုမှုတွေကို တွေ့ရမှာဖြစ်ပါတယ် ... ဒါ့အပြင် အာကာသထဲမှာ ကျန်နေခဲ့တဲ့ Jaha ကရော ဘာဖြစ်လာဦးမလည်း ... လင်ကွန်းနဲ့ ထွက်သွားတဲ့ အိုတေးဗီးယားကတော့ ဘာတွေဆက်ဖြစ်လာဦးမလည်းဆိုတာ တွေ့မြင်ရမှာ ဖြစ်ပါတယ် ...

mmtv95 မှ တင်ဆက်လိုက်ရပါတယ် ... 

.:: Download and Watch ::. 

Wednesday, May 3, 2017

Princess Hours Thailand Series (2017) - မြန်မာစာတန်းထိုး



ဒီကားလေးဟာ April 25 ရက်နေ့မှစတင်ပြီး တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်း ထိုင်းရုပ်သံလိုင်း True4U ကနေ ထုတ်လွှင့်တဲ့ ရုပ်သံ စီးရီး တစ်ခုဖြစ်ပါတယ်...

ဇာတ်လမ်းကတော့ ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းလေးပါပဲ ... ကောင်လေးက "ဘူတင်" ဆိုတဲ့ နိုင်ငံက အိမ်ရှေ့မင်းသား ဖြစ်ပြီး ကောင်မလေးကတော့ ရိုးရိုးသာမန် လူတန်းစားက တက္ကသိုလ် ကျောင်းသူပဲ ဖြစ်ပါတယ် ... ကျန်တာကတော့ ဆက်ပြီးပဲ ကြည့်ကြပါလို့ ...

အရင်က ဒုတိယနေရာမှာပဲ သရုပ်ဆောင်နေရတဲ့ သရုပ်ဆောင် Setthapong Phiangphor ဟာ အဓိက သရုပ်ဆောင်အနေနဲ့ ပထမဆုံး ပွဲထွက်လာခြင်းပဲ ဖြစ်ပါတယ် ...

ဒီကားလေးကို Eaint Chu San မှ ဘာသာပြန်ထားပြီး mmtv95 မှ တင်ဆက်လိုက်ရပါတယ် ....

ကြည့်ရှုပြီး အားပေးကြပါဦးလို့ ... အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ... :) :) :)

.:: Download and Watch ::.
Openload Links