Thursday, April 21, 2016

Epic (2013) - မြန်မာစာတန်းထိုး


မေရီ ကတ်သရင်းဟာ တောစပ်နားမှာ သုတေသနလုပ်နေတဲ့ သူ့အဖေဆီကို ရောက်လို့လာပါတယ် ... သူ့အမေ ဆုံးသွားပြီးတဲ့ နောက်မှာ ရှာဖွေစူးစမ်းမှုတွေကို မရမ်မနားလုပ်တတ်တဲ့ သူ့အဖေကို ဖျောင်းဖျရင်း အးအေးချမ်းချမ်းနေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာခဲ့တာပါ ... ဒါပေမယ့် သစ်တောထဲကနေ အကောင်သေးသေးလေးတွေရဲ့ ဆက်စပ်မှုတွေကို ရှာဖွေတွေ့ရှိထားတဲ့ သူ့အဖေဟာ အတော်ခရီးရောက်နေပြီ ဖြစ်တဲ့ သုတေသန လုပ်ငန်းတွေကို မရပ်တန့်ခဲ့ပါဘူး ... တစ်ရက်မှာ ဒါကို စိတ်ပျက်သွားတဲ့ မေရီကတ်သရင်း ခေါ် MK ဟာ မြို့ကို ပြန်သွားမယ်အလုပ်မှာ မထင်မှတ်ထားတဲ့ အကြောင်းတရားတွေ ဖြစ်လာခဲ့ပါတယ် ... သူမ မယုံကြည်ထားတဲ့ အကောင်သေးသေးလေးတွေကို ကိုယ်တွေ့ ကြုံရရုံသာမက ဘယ်လိုမျိုးစွန့်စားခန်းတွေနဲ့ ဘာတွေဆက်ဖြစ်လာမလည်းဆိုတာ ကြည့်ရှုရမှာပါဖြစ်ပါတယ် ...
Teamwork, Courage နဲ့ ချစ်ခြင်းတရားတွေက ဒီဇာတ်လမ်းကို အကောင်းဆုံးပံပိုးပေးသွားပါတယ် ...
မေရီကတ်သရင်း အဖြစ် Amanda Seyfried
ဘုရင်မ တာရာ အဖြစ် Beyonce
နော့တ်ထ် အဖြစ် Josh Hutcherson
ရိုနင် အဖြစ် Colin Farrell တို့က အသံနဲ့ သရုပ်ဆောင်ထားပါတယ် ...
IMDb မှာ 6.7 ရထားပြီး Rotten Tomatoes မှာ 64% ရထားတဲ့ ဇာတ်ကားကောင်း တစ်ခုဆိုလည်း မမှားပါဘူး ...

Running Time : 1hr 43min
Quality           : HD 720P

No comments:

Post a Comment