Saturday, October 22, 2016

The Shallows (2016) - မြန်မာစာတန်းထိုး


ဇာတ်လမ်းအကျဉ်း
=========
           အမေကွယ်လွန်သွားလို့ ခံစားနေရတဲ့ ဆေးကျောင်းသူ နန်စီ အဒမ် (Nancy Adams) ဟာ သူ့ရဲ့ ရင်တွင်းဝေဒနာတွေ ဖြေဖျောက်ဖို့အတွက် လူသူ အရောက်အပေါက်နည်းတဲ့ ကမ်းခြေတစ်ခုဆီကို ထွက်လာခဲ့ပါတယ် ... အစကတော့ သူငယ်ချင်းတွေနဲ့ လာတာဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သူတစ်ယောက်တည်း ရေလွှာလျှောစီးဖို့ ဖြစ်လာခဲ့ပါတယ် ... အဲ့အချိန်မှာပဲ သူတစ်ယောက်တည်း   ရေလွှာလျှောစီးနေတုန်းမှာ ငါးမန်းကြီးတစ်ကောင်ရဲ့ ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတဲ့ နန်စီဟာ သူရောက်နေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ကျောက်ဆောင်တစ်ခုဆီကို ကူးသွားဖို့   ဖြစ်လာပါတော့တယ် ... ကျောက်ဆောင်ပေါ်ရောက်သွားတဲ့ အချိန်မှာ ငါမန်းကလည်း အဲ့ပတ်ဝန်းကျင် တ၀ိုက်မှာပဲ လှည့်လည်နေပါတယ် ... ဒဏ်ရာကလည်း ရထား ဒီရေကလည်း တဖြည်းဖြည်းတက်လာရာက မကြာခင် သူနေနေတဲ့ ကျောက်ဆောင်ကို ဖုံးလွှမ်းခါနီး အချိန်မှာတော့ ... နန်စီ တစ်ယောက် ဘာလုပ်မလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ် ...

June လမှ ထွက်ရှိတဲ့ထားတဲ့ ရုပ်ရှင်ကားဖြစ်ပြီး မင်းသမီး Blake Lively က ရင်သပ်ရှုမောဖွယ်ဖြစ်အောင် သရုပ်ဆောင်သွားထားပါတယ် ... အသုံးစရိတ် 17 million USD ကိုသာ အသုံးပြုထားပြီး Box Office မှာ ၀င်ငွေ 118.3 million USD ပြန်လည်ရရှိထားတဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ် ...

Rating တွေကတော့ IMDb မှာ 6.4 နဲ့ Rotten Tomatoes မှာ 77% ရရှိထားတဲ့ ဇာတ်ကားလည်း   ဖြစ်ပါတယ် ...

Running Time: 1hr 27min
Translator      : Eaint Chu San


No comments:

Post a Comment