Thursday, April 13, 2017

The Railway Man (2013) - မြန်မာစာတန်းထိုး


၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Railway Man ရုပ်ရှင်ဇာတ်ကားဟာ ဒုတိယကမ္ဘာအတွင်း မြန်မာ-ထိုင်း ကြားမှာ နာမည်ကြီးခဲ့တဲ့ သေမင်းတမန် ရထားလမ်းမှာ ဖြစ်ပျက်ခဲ့တာတွေထဲက အကြောင်းအရာတချို့ကို ရိုက်ကူးထားခြင်းပါတယ် ... ဒီဖြစ်ရပ်မှန်ဇာတ်ကားဟာ British စစ်တပ်အရာရှိ Eric Lomax အကြောင်း ရိုက်ကူးထားပြီး သူကိုယ်တိုင် ရေးထားတဲ့ အရောင်းရဆုံး စာရင်းဝင် The Railway Man စာအုပ်ကိုပဲ အခြေခံထားခြင်းဖြစ်ပါတယ် ... ဒါရိုက်တာ Jonathan Teplitzky က ရိုက်ကူးထားပြီး British–Australian စစ်ကား ဖြစ်ပါတယ် ...

ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း  စင်္ကာပူမှာရှိနေတဲ့ Eric Lomax တို့ တပ်ဟာ ဂျပန်တွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး မြန်မာ-ထိုင်း နယ်စပ်မှာရှိတဲ့ ချွေးတပ်စခန်းဆီကို ပို့ဆောင်လိုက်ပါတယ် ... ချွေးတပ်သားအဖြစ်ရှိနေတဲ့အချိန်အတွင်း Lomax ဟာ ရေဒီယိုတစ်ခုကို တိုးတိုးတိတ်တိတ်လုပ်ဆောင်ပြီး သတင်းတွေ နားထောင်လို့ရအောင် လုပ်ခဲ့ပါတယ် ... အဲ့ဒါကို ဂျပန်တွေ ရိပ်မိသွားတဲ့အခါမှာတော့ သူလျှိုဆိုပြီး နှိပ်စက်မေးမြန်းတာတွေ လုပ်ပါတော့တယ် ... နှိပ်စက်နည်းမျိုးစုံအပြင် အောက်တန်းကျတဲ့ နှိပ်စက်နည်းတွေကြောင့် Lomax ဟာ စိတ်ရောဂါ ရသွားခဲ့ပါတယ် ... အဲ့လို မေးမြန်းမှုတွေလုပ်တဲ့အထဲမှာ ဂျပန်ကင်ပေတိုင် Takashi Nagase ဟာ  စကားပြန်လုပ်ပေးရတဲ့သူ တစ်ယောက်ပါ ...

အကျဉ်းချုပ်လိုက်ရရင် နောင် စစ်ပွဲတွေ ပြီးသွားတဲ့အခါမှာ Lomaxနဲ့ တခြားသူ့အပေါင်းတချို့ဟာ British ကို ပြန်လည်လွတ်မြောက်သွားခဲ့ပြီး ရထားတွေကို ချစ်မြတ်နိုးတဲ့ Lomax ဟာ ရထားပေါ်မှာပဲ သူ့ဇနီးဖြစ်လာမယ့် Patricia Lomax နဲ့ ဆုံစည်းခဲ့ပါတယ် ... Lomax ဟာ သူကြုံတွေ့ခဲ့ရတဲ့ သေမင်းတမန် ရထားလမ်းက အဖြစ်အပျက်တွေကြောင့် စိတ်ရောဂါ ၀င်နေသလို တစ်နေ့မှာ သူ့ကို စစ်ဆေးမေးမြန်ခဲ့တဲ့ ကင်ပေတိုင် Takashi Nagase ဟာ အသက်ရှင်နေသေးတယ်ဆိုတာ သိလိုက်ရတဲအ့ခါမှာတော့ ...  ဆက်ကြည့်ပေးပါဦး ....
"ကလဲ့စားချေခြင်းဟာ နည်းလမ်းအမှန်မဟုတ်ဘူး" ဆိုတဲ့ စကားလုံးဟာ ဒီကားကို အသက်ဝင်သွားစေပါတယ် ...

Eric Lomax အဖြစ် Colin Firth
Patricia Lomax အဖြစ် Nicole Kidman
Takashi Nagase အဖြစ် Hiroyuki Sanada တို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ...

Running Time : 1hr 57min