Tuesday, June 14, 2016

Colonia (2015) - မြန်မာစာတန်းထိုး


ဖြစ်ရပ်မှန်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဒီကားကို မင်းသမီး Emma Watson နဲ့ မင်းသား Daniel Brühl တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ...
၁၉၇၃ခုနှစ် ချီလီ စစ်အာဏာသိမ်းမှုတွေ နဲ့ ဆန္ဒပြပွဲတွေကြားက ချစ်သူနှစ်ဦး ... တစ်ရက် ဗိုလ်ချုပ်ကြီး ပီနိုချက်ရဲ့ အထူးတပ်ဖွဲ့ဖြစ်တဲ့ DINA ဆိုတဲ့ အဖွဲ့အစည်းက ဒန်နီရယ်လ် ကို နိုင်ငံရေးပိုစတာ ဖြန့်ဝေမှုနဲ့ ဖမ်းဆီးသွားခဲ့ပါတယ် ... ဒါကို သူ့ချစ်သူကောင်မလေး လီနာက စုံစမ်းတဲ့အခါ ဒန်နီရယ်လ်ကို လျို့ဝှက်ပြီး ပြန်လမ်းမရှိတဲ့ နေရာဆီ ပို့မှာဖြစ်ကြောင်း ... အဲ့ဒီနေရာက အစိုးရနဲ့လည်း ပနံသင့်တဲ့အကြောင်း ... အဲဒီနေရာ ယောကျာ်း မိန်းမ ခွဲခြားဆက်ဆံပြီး အထူးသဖြင့် ကလေးတွေကို လိင်ပိုင်ဆိုင်ရာ ကျူးလွန်မှုတွေ ရှိတဲ့အကြောင်း ... အစသဖြင့် လူသားမဆန်တဲ့ နေရာတစ်ခု ဖြစ်ကြောင်း လီနာ သိလိုက်ရတယ် ... အဲဒီနေရာကတော့ "Colonia Dignidad" ...
လီနာဟာ သူလိုက်ရမယ် လေယာဉ်ရဲ့ လေယာဉ်မှုးကို သူ နောက် (၇) ရက်နေရင် ပြန်လာမယ် ဖြစ်ကြောင်း .. အခုတော့ အလုပ်ကိစ္စတစ်ခုကြောင့်မို့ မလာနိုင်ကြောင်း ပြောဆိုပြီး  သူ့ချစ်သူ ဒန်နီရယ်လ်ကို ကယ်ထုတ်ချင်တဲ့ စိတ်နဲ့ပဲ "Colonia Dignidad" ကို သူကိုယ်တိုင်ပဲ ထွက်လာခဲ့တယ် ...
တကယ်ပဲ လီနာဟာ သူ့ချစ်သူကို အဲ့ဒီ လူသားမဆန်တဲ့ နေရာကနေ ကယ်ထုတ်နိုင်မလား ... မကယ်ထုတ်နိုင်ဘူးလား ဆိုတာတော့ ဆက်ကြည့်ကြည့်ကြပါဦး ... :) :) :)

IMDb မှာ 7.2 ရရှိထားပြီး Rotten Tomatoes မှာ 23% ပဲ ရရှိထားပေမယ့် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါ ...  အားပေးကြပါဦး ...

Running Time : 1hr 50min

No comments:

Post a Comment