Friday, November 18, 2016

Romantic Doctor, Teacher Kim Series (2016) - မြန်မာစာတန်းထိုး

Romantic Doctor, Teacher Kim ဆိုတဲ့ ဒီ တောင်ကိုရီးယားရုပ်သံစီးရီးလေးဟာ အခုမှ လွှင့်နေဆဲ စီးရီးဖြစ်ပါတယ် ... နိုဝင်ဘာ ၇, ၂၀၁၆က စတင်ထုတ်လွှင့်ပြီးတော့ ဇန်န၀ါရီ ၁၀, ၂၀၁၇မှာ ပြီးစီးမယ့် ဒီစီးရီးလေးဟာ အပိုင်း (၂၀) ပါဝင်ပြီး SBS ကနေ တင်္နလာနေ့နဲ့ အင်္ဂါနေ့တွေမှာ ထုတ်လွှင့်ပြသပါတယ် ...
ဇာတ်လမ်းအကျဉ်းကတော့
==============
"Hand of God" လို့ နာမည်ကျော်ကြားတဲ့ ခွဲစိတ်ဆရာဝန် "Boo Yong-Joo"ဟာ ဘယ်သူမှ မသိလိုက်ပဲ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါတယ် ... နောက်ပိုင်းမှာ Teacher Kim လို့ ပေါ်ထွက်ခဲ့ပြီး သူ့ကိုယ်သူ Romantic Doctor လို့ ခေါ်ဆိုခဲ့ပါတယ် ...
Kang Dong-Joo နဲ့ Yoon Seo-Jung တို့ ကြိုးစားအားထုတ်မှုတွေနဲ့ ဆရာဝန်တွေဖြစ်လာပြီး Teacher Kim နဲ့ တွေ့တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလည်းဆိုတာ အားပေးလိုက်ကြပါဦးလို့ ...

Teacher Kim အဖြစ် Han Suk-kyu

Kang Dong-Joo အဖြစ် Yoo Yeon-seok

Yoon Seo-Jung အဖြစ် Seo Hyun-jin တို့ ပါဝင် သရုပ်ဆောင်ထားပါတယ် ... 

Viki မှာ လောလောဆယ်တော့ Rating 9.6 ဖြစ်နေပါတယ် ...

ဒီရှုပ်ထွေးလှတဲ့ ဆေးလောကအကြောင်းတွေကို ကြိုးစားပြီး ဘာသာပြန်ပေးသူကတော့
>>> Eaint Chu San <<< ပါ ... ကိုယ်အရမ်းကြီးနားမလည်တဲ့ ဆေးလောကဆိုင်ရာစကားလုံးတွေ   ဖြစ်တဲ့အတွက် တတ်နိုင်သလောက် ကြိုးစားပြီး ဘာသာပြန်ပေးထားပါတယ်တဲ့ ... အမှားပါရင် ခွင့်လွှတ်ပေးပါကြပါလို့ ...

mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

.:: Download and Watch ::. 

2 comments:

  1. ​ကျေးဇူးပါယအပိုင်းသစ်​​မျှော်​​နေတာ

    ReplyDelete
  2. ကဲ7ကိုအား​ပေးပြီး​နော်

    ReplyDelete