Saturday, March 4, 2017

Hua Xu Yin - The City of Desperate Love Series (2015) - မြန်မာစာတန်းထိုး

Hua Xu Yin - The City of Desperate Love လို့ခေါ်တဲ့ ဒီဇာတ်လမ်းတွဲကို July 9, 2015 မှာ SCTV ကနေ စတင်ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး (၄၈) ပိုင်းပါဝင်ပါတယ် ... Romance အမျိုးအစား သိုင်းကားဖြစ်ပြီး တရုတ်လို 华胥引之绝爱之城 လို့ ခေါ်ပါတယ် ...

ပုံပြင်တစ်ပုဒ်လို အစပြုထားပြီး မတူညီတဲ့ နိုင်ငံနှစ်ခုကနေ အခြေတည်ထားပါတယ် ... ဇာတ်လမ်းအကျဉ်းကတော့ ဝေနိုင်ငံရဲ့ မင်းသမီးဟာ လူတစ်ယောက်ကို စွဲစွဲလမ်းလမ်း ချစ်မိသွားခဲ့ပါတယ် ... ဒါပေမယ့် သူ ချစ်ရတဲ့သူဟာ သူတို့ဝေနိုင်ငံရဲ့ ရန်သူနိုင်ငံဖြစ်နေတဲ့အတွက် ဝေနိုင်ငံကလူတွေက သူ့ကို တိုင်းပြည်သစ္စာဖောက်လို သမုတ်ကြပါတယ် ... နောက်ဆုံး တိုင်းပြည်အပေါ်ကို သစ္စာပြတဲ့အနေနဲ့ မြို့ရိုးပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်သွားခဲ့ပါတယ် ...

ဒါပေမယ့် သူဟာ အဏ္ဏ၀ါမျက်ရည်ပုလဲကြောင့် သေရမှ ပြန်ရှင်လာသလို အဲ့ဒီ ပုလဲရဲ့ စွမ်းအားတွေကို သေခြင်းတရားရဲ့ တန်ဖိုးကို ပြန်ပေးဆပ်စေဖို့ အသုံးချဖို့အတွက်ဖြစ်လာပါတယ် ... သူဟာ အချစ်ရဲ့ ပုံစံအမျိုးမျိုးကို ကြုံတွေ့ခဲ့ရသလို အချစ်နဲ့တွေ့တဲ့အခါ အားနည်းချက်တွေ ဖြစ်လာတာကိုလည်း ရင်ဆိုင်ခဲ့ရပါတယ် ...

ဒီဇာတ်လမ်းတွဲမှာ သုံးထားတဲ့ အပြင်အဆင်တွေနဲ့ ပါဝင်သရုပ်ဆောင်တဲ့သူတွေရဲ့ အ၀တ်အစားပုံစံတွေအတွက် အရမ်းကို အနုစိတ် ပြင်ဆင်ထားတယ်ဆိုတာလည်း မြင်တွေ့ရမှာဖြစ်ပါတယ် ...

တရုတ်သိုင်းကားကြိုက်တဲ့သူတွေအတွက် နောက်ထပ် အကြိုက်ထပ်တွေ့စေမှာလို့ ယုံကြည်ပါတယ် ...
ကြည့်ရှုအားပေးကြပါဦးလို့ ... အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ... :) :) :)


.:: Download and Watch ::.



Thursday, March 2, 2017

The 100 (2014) Season 1 - မြန်မာစာတန်းထိုး


၂၀၁၄ ခုနှစ်ကနေ စတင်ပြီး ထွက်ရှိခဲ့တဲ့ ဒီ Series ကတော့ "The 100" ဖြစ်ပါပြီး The CW ကနေပြီးတော့ ထုတ်လွှင့်တင်ဆက်နေတာဖြစ်ပါတယ် ...

ဇာတ်လမ်းအကျဉ်းကတော့ ...

ကမ္ဘာကြီးဟာ Nuclearတွေကြောင့် ပျက်စီးပြီး ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားတွေအကုန်လုံး သေဆုံးကုန်ပါတယ် ... ဒါပေမယ့် "The Ark" ဆိုတဲ့ အာကာသယာဉ်ကတော့ လူပေါင်းများစွာနဲ့အတူ အာကာသထဲကို ထွက်လာနိုင်ခဲ့ပါတယ် ... အဲ့ဒီယာဉ်ပေါ်မှာ ဘယ်ပြစ်မှုမဆို ကျူးလွန်တဲ့သူဟာ သေဒဏ်ပါ ...

ဖြစ်ချင်တော့ ကမ္ဘာကြီးပျက်ပြီး ၉၇နှစ်အရောက်မှာ ယာဉ်ပေါ်မှာ လူဦးရေ အခက်အခဲဖြစ်လာပါတယ် ... အဲ့ဒါကြောင့် တာဝန်ရှိသူတွေဟာ ထိန်းသိမ်းထားတဲ့ ၁၈နှစ်အောက် လူငယ်အယောက်တစ်ရာကို ကမ္ဘာမြေပေါ်ကို အင်အားသုံးပြီး စေလွှတ်ခဲ့ရာမှ ဒီ ဇာတ်လမ်းဖြစ်ပေါ်လာတာဖြစ်ပါတယ် ... အဲ့ဒီလို လွှတ်လိုက်တာကို တာဝန်ရှိသူတွေပဲ သိပါတယ် ... ကလေးတွေရဲ့ အုပ်ထိန်းသူတွေီ တစ်ယောက်မှ မသိလိုက်ပါဘူး ... လွှတ်ပြီလိုက်ကာမှ သိလိုက်ကြတာဖြစ်ပါတယ် ...

အဲ့ဒီ လူငယ် အယောက် ၁၀၀ဟာ ကမ္ဘာမြေပေါ်ကို ပြန်ပြီး အခြေချတဲ့အချိန် ဘယ်လို ပုံစံနဲ့ ကိုယ့်မြေကိုယ့်ရေမှာ ရင်ဆိုင်ရမလည်းဆိုတာ တင်ဆက်ပြသထားပါတယ် ...

ဒီစီးရီးမှာ ...


Eliza Taylor က Clarke Griffin အဖြစ်

Marie Avgeropoulos က Octavia Blake အဖြစ်

Bob Morley က Bellamy Blake အဖြစ် အသီးသီး ပါဝင် သရုပ်ဆောင်ထားကြပါတယ် ...

IMDb မှာ 7.8, Rotten Tomatoes မှာ 90% နဲ့ TV.com မှာ 8.5 Rating အသီးသီးရရှိထားတဲ့ စီးရီးပဲ ဖြစ်ပါတယ် ...

.:: Download and Watch ::.