Monday, October 24, 2016

Operation Chromite (2016) - မြန်မာစာတန်းထိုး


ဇာတ်လမ်းအကျဉ်း
==============
၁၉၅၀ခုနှစ် စက်တင်ဘာလ ကိုရီးယားမှာ ဖြစ်ပွားခဲ့တဲ့ Battle of In Chon ရဲ့ အဓိက အစိတ်အပိုင်းလို့   ပြောလို့ရတဲ့ "Operation Chromite" ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ ... မြောက်ကိုရီးယား ၀င်တိုက်လို့ တောင်ကိုရီးယားနယ်မြေတွေ တဖြည်းဖြည်းဆုံးရှုံးနေရာမှ နောက်ဆုံး အင်ချွန်ကမ်းခြေကိုပါ   အလျော့ပေးလိုက်ရပါတော့တယ် ... အင်ချွန်ကမ်းခြေတ၀ိုက်မှာ မြေမြှပ်မိုင်းတွေတင်မဟုတ်ဘူး ရုရှားက ထောက်ပံ့ထားတဲ့ ရေမြှုပ်မိုင်းတွေပါ ရှိနေတော့ စစ်ကူပေးတော့ အမေရိကန်ရေတပ်လည်း   ရှေ့ဆက်တိုးမရဖြစ်နေပါတယ် ...

အဲ့ဒီအချိန်မှာ ခေါင်းမာပြီး သတ္တိပြောင်လှတဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး Douglas MacArthur ကိုယ်တိုင် ရေးဆွဲခဲ့တဲ့ "Operation Chromite"ဆိုတဲ့ လျို့ဝှက်စစ်ဆင်ရေးတရပ်ပေါ်လာပါတော့တယ် ... "Operation X-Ray"လို့လည်း ခေါ်တဲ့ ဒီစစ်ဆင်ရေးကို တောင်ကိုရီးယားသား ၈ယောက်ပါဝင်တဲ့ လျို့ဝှက်အဖွဲ့ကို မြောက်ကိုရီးယားဘက် သူလျိုလွှတ် အကောင်အထည်ဖော်စေခဲ့ပါတယ် ...

ဘတ်ဂျက်တော်တော်များများသုံးထားတဲ့ သမိုင်းဝင်ဒီဇာတ်ကားမှာ အမေရိကန် ဗိုလ်ချုပ်ကြီး Douglas MacArthur အဖြစ် Taken, Non-stop, Unknown နဲ့ အခြားသော ဇာတ်ကောင်းပေါင်းများစွာတို့နဲ့   အောင်မြင်ကျော်ကြားတဲ့ နာမည်ကြီး မင်းသား Liam Neesonက ပါဝင်သရုပ်ဆောင်ထားပါတယ် ... ကိုရီးယား သရုပ်ဆောင်တွေဖြစ်တဲ့ Lee Jung-jae, Lee Beom-sooနဲ့ Jin Se-yeon တို့ရဲ့ ဒီ "Operation Chromite"မှာ ဘယ်လိုတွေ ပါဝင်သရုပ်ဖော်ကြမလည်းဆိုတာ ကြည့်ရှုအားပေးကြပါဦးလို့ ...

Rating အနေနဲ့ကတော့ IMDb မှာ 6.4နဲ့ Rotten Tomatoes မှာ 40% ရရှိထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ် ...

Running Time : 1hr 51min


No comments:

Post a Comment