Sunday, June 18, 2017

Woman of Dignity Series (2017) - မြန်မာစာတန်းထိုး

Woman of Dignity (2017) ဒီ ကိုရီးယား ရုပ်သံစီးရီးဟာ June 16 ကမှ JTBC က ထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပါတယ် ... ဒီဇာတ်လမ်းတွဲကို အပတ်စဉ် သောကြာနေ့နဲ့ စနေနေ့တိုင်းမှာ ထုတ်လွှင်ပြသမှာဖြစ်ပြီး အပိုင်း (၂၀) ပါဝင်တယ်လို့ ပြောထားပါတယ် ...

ဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တွေအဖြစ် မင်းသမီး Kim Hee-sun နဲ့ Kim Sun-a တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီး Lee Tae-im, မင်းသား Jung Sang-hoon နဲ့ Lee Ki-woo တို့က ပံ့ပိုးကူညီ သရုပ်ဆောင်ထားပါတယ် ... 

ဇာတ်လမ်အကျဉ်းကတော့ လေယာဉ်မယ်ဟောင်း Woo A-Jin (Kim Hee-Sun) ဟာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ Ahn Jae-Suk (Jung Sang-hoon)နဲ့ လက်ထပ်ခဲ့ပါတယ် ... Ahn Jae-Suk ဟာ စီးပွားရေးလုပ်ငန်းရှင်ဆိုပေမယ့် အဲ့ဒီလုပ်ငန်းဟာ သူ့အဖေ Ahn Tae-Dong  (Kim Yong-gun) ရဲ့ စီးပွားရေးလုပ်ငန်းဖြစ်ပါတယ် ... ဆိုတော့ Woo A-Jin ဟာ  သူ့ယောက္ခမရဲ့ ချမ်းသာမှုအရှိန်ကြောင့် သက်တောင့်သက်သာဘ၀ကိုနေခဲ့ရပေမယ့် အခက်အခဲတွေနဲ့ ကံဆိုးမိုးမှောင်ကျပြီး ယောက္ခမရဲ့ စီးပွားရေးလုပ်ငန်း ကျဆင်းလာခဲ့ပါတယ် ... အဲ့ဒီအချိန်မှ သူ့ယောက်ျားကလည်း တခြားတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့ပြီး Woo A-Jin ရဲ့ ဘ၀က ဟိုးအောက်ခြေအထိကိုရောက်မလိုဖြစ်ခဲ့ရပါတယ်...

Park Bok-Ja (Kim-Sun-a) ကတော့ထူးဆန်းပြီး ဗဟေဠိဆန်တဲ့ မိန်းမတစ်ယောက် သူ့ရဲ့ကြေကွဲစရာဇာတ်လမ်းကို ဇာတ်မြှုပ်ထားပြီး Woo A-Jinနဲ့ ဘယ်လိုပတ်သတ်လာမယ် သူက Woo A-Jin အပေါ်ကို ခက်ခဲပင်ပန်းကြီးအောင် ဘယ်လိုလုပ်ပြမလည်းဆိုတာကတော့ စောင့်ကြည့်ကြပါဦး...

mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

.:: Download and Watch ::.

7 comments:

  1. ထပ်မတင်တော့ဘူးလား

    ReplyDelete
  2. ဘာဖြစ်လို့မတင်တော့တာလဲဟင်

    ReplyDelete
  3. PLS,UP
    ထပ်မတင်တော့ဘူးလား

    ReplyDelete
  4. အပိုင်းသစ်လေးတွေ ထပ်တင်ပေးပါဦး....

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  5. This comment has been removed by the author.

    ReplyDelete