Tuesday, June 27, 2017

Batman: The Animated Series Season 1 (1992) မြန်မာစာတန်းထိုး

ဒီတစ်ခါတော့ IMDb မှာ Rating 9 အထိရရှိထားတဲ့ ၁၉၉၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Batman: The Animated Series လေးနဲ့ မိတ်ဆက်ပေးပါရစေ ... ဒီစီးရီးဟာ ၁၉၉၂ ခု စက်တင်ဘာ ၅ ရက်နေ့ကနေပြီး ၁၉၉၅ခု စက်တင်ဘာ ၁၉၉၅ထိ Fox Kids ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ နာမည်ကြီး စီးရီးတစ်ခုဖြစ်ပါတယ် ... Season ၃ ခုအတွက် စုစုပေါင်း အပိုင်း ၈၅ပိုင်း ထုတ်လွှင့်ပြသခဲ့ပြီး နောက်ထပ်တိုး Season - The New Batman Adventures က အပိုင်း ၂၄ ပါဝင်တဲ့အတွက် အားလုံးပေါင်း Season ၄ခု အပိုင်း ၁၀၉ ပိုင်းပါ ...
အားပေးကြပါဦးလို့ ... mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

Running Time : 22mins

.:: Download and Watch ::.


Sunday, June 25, 2017

The 100 (2014) Season 3 - မြန်မာစာတန်းထိုး



Season 2 မှာ အာကာသထဲမှာ ရှိတဲ့ Arkက လူတွေအားလုံး မြေပြင်ပေါ်ကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ် ... ဒီအပိုင်းတွေမှာ Grounders တွေနဲ့ ငြိမ်းချမ်းရေးယူပြီး Mount Weather ကို တိုက်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် Mount Weather နဲ့ Grounders တွေရဲ့ အကြီးအကဲ သဘောတူညီမှု ရခဲ့တာကြောင့် Ark က Clark ဦးဆောင်တဲ့ အဖွဲ့ပဲ ကျန်ခဲ့ပါတော့တယ် ... ဒါပေမယ့် Clark ရဲ့ ကြိုးစားမှုကြောင့် Mount Weather ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် Ark က လူတွေအပေါ် ကျူးလွန်းခဲ့တဲ့ အပြစ်တွေကို ရင်မဆိုင်နိုင်လို့ Clark ဟာ တစ်ယောက်တည်း အပြင်ဘက်ကို ထွက်သွားခဲ့ပြီး Season 2 အဆုံးသတ်ခဲ့ပါတယ် ...

ဒီအပိုင်းမှာတော့ အလင်းမြို့တော်မှာ ရှိနေတဲ့ သလောနီးယပ်စ်နဲ့ ဂျွန်မာဖီ, တောအုပ်ထဲမှာ တစ်ယောက်တည်း ဖြစ်နေတဲ့ Clark, ကမ္ဘာမြေပေါ်မှာ အတည်တကျဖြစ်ဖို့ ကြိုးစားနေတဲ့ Ark အပြင် တခြားတခြားသော အရင်က ကမ္ဘာမြေမှာရှိတဲ့ အုပ်စုတွေနဲ့လည်း ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ် ...

mmtv95 မှ တင်ဆက်လိုက်ရပါတယ် ... 

.:: Download and Watch ::. 

S03E01    S03E02
S03E03    S03E04



Saturday, June 24, 2017

Last Summer (2013) Thailand - မြန်မာစာတန်းထိုး

ဒီ ထိုင်း Horror ကားဟာ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်... ထိုင်းလို Ruedoo ron nan chan tai ဖြစ်ပါတယ် ... မင်းသား Jirayu La-ongmanee, Ekawat Ekudchariya, မင်းသမီး Sutatta Udomsilp နဲ့ Pimpakan Praekunnatham တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ...
ဇာတ်လမ်းအကျဉ်းက Joy (Sutatta Udomsilp) ဟာ တတ်သစ်စ မင်းသမီးတစ်ယောက်ဖြစ်သလို ကျောင်းမှာလည်း ပေါ်ပြူလာဖြစ်တဲ့သူ တစ်ယောက်ပါ ... ဒါပေမယ့်လည်း အိမ်ကဖိအားဒဏ်တွေကို မခံနိုင်တဲ့ တစ်ရက် Facebook ပေါ်မှာ "သေချင်တယ်"ဆိုတဲ့ Status တစ်ခုတင်ခဲ့ပါတယ် .. ချက်ချင်းပဲ Online ပေါ်မှာ ရှိနေတဲ့ သူ့ကောင်လေး Singh (Jirayu La-ongmanee)  က မြင်သွားပြီး ဒီလို ဖိအားတွေက ကင်းဝေးဖို့ ပင်လယ်ကို သွားရအောင်လို့ ခေါ်ရာ ချက်ချင်းပဲ မငြင်းပဲ Joy က ပင်လယ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ် ...
ဒါနဲ့ Joy နဲ့ Singh အပါအ၀င် အချစ်ဆုံးသူငယ်ချင်းလေးယောက် ပင်လယ်သွားကြရာ ညပိုင်းလေးယောက်လုံး အရက်သောက် ဆေးသုံးရာကနေ Joy က သူ့ရဲ့ ရောဂါဖြစ်တဲ့ ပန်းနာရောဂါဖြစ်လာပါတယ် ... ဒါပေမယ့် အဲ့ဒီကနေ မမျှော်လင့်ပဲ Joy သေသွားရာကနေ ဒီဇာတ်လမ်း ဖြစ်တည်လာခဲ့ပါတယ် ...

ဒီဇာတ်ကားအပြီးမှာ သိလိုက်ရမှာက လောကမှာ လူသေတွေထက် အသက်ရှင်နေတဲ့သူတွေက ပိုပြီး ကြောက်စရာကောင်းတယ်ဆိုတာပါပဲ ....

IMDb မှာ 5.9 Rating ရရှိထားတဲ့ Horror ကားတစ်ခုပါ ...
Eaint Chu San မှ ဘာသာပြန်ပေးပြီး mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

Running Time : 1hr 29mins


Thursday, June 22, 2017

The Warriors Gate (2016) - မြန်မာစာတန်းထိုး

The Warriors Gate (Enter the Warriors Gate) ဇာတ်ကားဟာ 2016 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Action ကား တစ်ကားဖြစ်ပါတယ် ...

ဇာတ်လမ်းအကျဉ်းက - Jack Bronson ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ Video Game ကို အရူးအမူးဆော့တဲ့ သူတစ်ယောက်ပါ ... နောက်ပြီး ကျောင်းမှာ အမြဲတမ်းအနိုင်ကျင့်ခံရတဲ့သူဖြစ်သလို အပေါင်းအသင်းလည်း သိပ်မရှိပါဘူး ... သူ့ရဲ့ အခင်မင်ရဆုံး အပေါင်းအသင်းက ရှေးဟောင်းပစ္စည်းတွေရောင်းတဲ့ မစ္စတာချန်ဆိုတဲ့ တရုတ်လူမျိုး တစ်ယောက်ပါ ... နောက်ပြီး Jack က မစ္စတာချန်ရဲ့ဆိုင်မှာ အလုပ်ကူလုပ်နေတဲ့သူပါ ... တစ်ရက် သူ့ကျောင်းက Travis တို့အုပ်စုက အနိုင်ကျင့်လို့ ပြေးရင်း သူ့ရဲ့ တစ်ဦးတည်းသော အပေါင်းအဖော်ဖြစ်တဲ့ မစ္စတာချန်ဆီ ရောက်လာပါတယ် ... မစ္စတာချန်ဟာ သူ့အမျိုးက ပို့လိုက်တဲ့ ရှေးဟောင်းသေတ္တာတစ်ခုကို လက်ဆောင်ပေးလိုက်ရကနေ ဒီဇာတ်လမ်း စဖြစ်လာပါတယ် ... ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ စစ်သည်တော် တစ်ယောက်လို ဘယ်လိုတွေဖြစ်လာပြီး တရုတ်နိုင်ငံရဲ့ ဧကရာဇ်ဘုရင်မနဲ့ ဘယ်လိုအကြောင်းဆုံမလည်း ဆိုတာ ကြည့်ရမှာဖြစ်ပါတယ် ... 

 Rating ကတော့ IMDb မှာ 5.3, Rotten Tomatoes မှာ 43% ရရှိထားပါတယ် ...

mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

Sunday, June 18, 2017

House of the Disappeared (2017) - မြန်မာစာတန်းထိုး

2017 ခုနစ် April လက ထွက်ရှိခဲ့တဲ့ ဒီ ကိုရီးယား သည်းထိတ်ရင်ဖိုကားဖြစ်တဲ့ House of Disappeared ဟာ 2013 ခုနှစ်က ထွက်ရှိထားတဲ့ ဗင်နီဇွဲလား ရုပ်ရှင်ဖြစ်တဲ့ The House at the End of Time ကို မှီငြမ်းရိုက်ကူးထားခြင်းဖြစ်ပါတယ် ...

ဇာတ်လမ်းအကျဉ်းကတော့ သာမန်အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပြီး ကလေးတစ်ယောက်ရှိတဲ့ "မီဟီ"ဟာ သူ့လိုပဲ ကလေးတစ်ယောက်ရှိတဲ့ မုဆိုးဖို ရဲအရာရှိတစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့ပါတယ် ... တစ်ရက် သူ့ယောကျာ်းဘက်က ပါလာတဲ့ သားဟာ မတော်တဆဖြစ်ပြီး ဆုံးသွားရာ အဲ့ဒီ မတော်တဆ ဖြစ်ရပ်ဟာ "မီဟီ"တို့ သားအမိကြောင့်ဆိုပြီး စွပ်စွဲပြောဆို ရန်ရှာမှုတွေ လုပ်ခဲ့တယ်... နောက်ဆုံး သူတို့ နေတဲ့ အိမ်ထဲမှာပဲ ပြဿနာတွေဖြစ်ရင်း "မီဟီ"ရဲ့ ယောကျာ်းဟာ အိမ်ရဲ့ မြေအောက်ခန်းထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေပြီး "မီဟီ"ရဲ့ သားဖြစ်သူဟာ ပျောက်ဆုံးသွားခဲ့တယ် ... ဒီကိစ္စမှာ "မီဟီ"ဟာ မသင်္ကာစရာဖြစ်နေတာကြောင့် ပြစ်ဒဏ်တပ်ပြီး ထောင်ချခံခဲ့ရပါတယ်....

၂၅နှစ်ကြာပြီးတော့ "မီဟီ" ထောင်ကနေ ပြန်လည်လွတ်မြောက်ပြီး အကျယ်ချုပ် ဘ၀နဲ့ သူ့အိမ်မှာ ပြန်လည်နေထိုင်ခွင့်ရရှိပါတယ် ... ဒါပေမယ့် ဘေးပတ်ဝန်းကျင်ကတော့ အဲ့ဒီအိမ်ကို မကောင်းဆိုးဝါးအိမ် ဆိုပြီး သမုတ်ထားပါတယ် အကြောင်းရင်းကတော့ ဒီအိမ်မှာ ဟိုးအရင် ခေတ်အဆက်ဆက် နေထိုင်ခဲ့တဲ့မိသားစုတွေ အားလုံး ဘာသဲလွန်စမှ မကျန်ပဲ ပျောက်ဆုံးသွားခြင်းကြောင့်ဖြစ်ပါတယ် ... ဒါကြောင့်မို့ ၂၅နှစ်ကြာ ထောင်ကလွတ်ပြီး ပြန်ရောက်လာတဲ့ "မီဟီ"တစ်ယောက် ဒီလို ထူးဆန်းကြောက်လန့်စရာတွေ ဖြစ်နေတဲ့ အိမ်ကြီးထဲက အဖြစ်မှန်တွေကို ဘယ်လိုသိရမလည်း??? သူ့ယောကျာ်းသေဆုံးခြင်းနဲ့ သူ့သားပျောက်ဆုံးခြင်းရဲ့ အဖြစ်မှန်က ဘာတွေလည်းဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ကြည့်ပါဦး ...

ဒီကားမှာ "မီဟီ" အဖြစ် Kim Yunjin က ပါဝင်သရုပ်ဆောင်ထားသလို Taecyeon ကလည်း ခရစ်ယာန် ဖာသာတစ်ယောက်အနေနဲ့ အားဖြည့်သရုပ်ထားပါတယ် ...

Rating ကတော့ IMDb မှာ 6.7 ရရှိထားပါတယ် ...
Eaint Chu San မှ ဘာသာပြန်ထားပြီး mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

Running Time : 1hr 40Minutes



Friday, June 16, 2017

Power Rangers (2017) - မြန်မာစာတန်းထိုး

ကျွန်တော်တို့ ငယ်ဘ၀ သူရဲကောင်းတွေကို ပြန်လည်အသက်သွင်းတဲ့အခါ ပိုပြီးကောင်းမွန်တဲ့ Power Rangers တွေရဲ့ Armor တွေ, Zords တွေ နဲ့ Megazord ကို အမိုက်စား အလန်းစား မြင်တွေ့ရမှာဖြစ်ပါတယ် ... Go Go Power Rangers ကတော့ အထွေအထူး ပြောစရာမလိုလောက်အောင်ပါပဲ ... ပြောချင်တာကတော့ နောက်ပိုင်းနားမှာ Power Rangers ရဲ့ Soundtrack ဖြစ်တဲ့ Go Go Power Rangers ကို Zords တွေနဲ့ တွေ့လိုက်ရတဲ့အခါမှာတော့ အမိုက်စားပဲပေါ့ဗျာ ...

Red Ranger - Dacre Montgomery
Blue Ranger - RJ Cyler
Black Ranger - Ludi Lin
Yellow Ranger - Becky G
Pink Ranger - Naomi Scott တို့က ပါဝင်သရုပ်ထားပြီး
Rita Repulsa အနေနဲ့ကတော့ Elizabeth Banks က ပါဝင်သရုပ်ဆောင်ထားပါတယ် ...
 
IMDb မှာ Rating 6.6, Rotten Tomatoesမှာ 46% ရရှိထားပါတယ်...
mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

Running Time : 2hrs 4Minutes

 

Wednesday, June 14, 2017

Naruto (2002 - 2007)

Naruto (2002 - 2007) ကို တစုတစည်းထဲ ရှာလို့ အဆင်ပြေအောင် တင်ပေးလိုက်ပါတယ် ... Anime Fans တွေအတွက် ပြန်ပြောင်း အမှတ်ရစေတာပေါ့ဗျာ ... မြန်မာစာတန်းမထိုးပါ ... English စာတန်းထိုးပါပဲ ...

.:: Download and Watch ::.

Episode 001     Episode 002     Episode 003     Episode 004     Episode 005
Episode 006     Episode 007     Episode 008     Episode 009     Episode 010
Episode 011     Episode 012     Episode 013     Episode 014     Episode 015
Episode 016     Episode 017     Episode 018     Episode 019     Episode 020
Episode 021     Episode 022     Episode 023     Episode 024     Episode 025
Episode 026     Episode 027     Episode 028     Episode 029     Episode 030
Episode 031     Episode 032     Episode 033     Episode 034     Episode 035
Episode 036     Episode 037     Episode 038     Episode 039     Episode 040
Episode 041     Episode 042     Episode 043     Episode 044     Episode 045
Episode 046     Episode 047     Episode 048     Episode 049     Episode 050
Episode 051     Episode 052     Episode 053     Episode 054     Episode 055
Episode 056     Episode 057     Episode 058     Episode 059     Episode 060
Episode 061     Episode 062     Episode 063     Episode 064     Episode 065
Episode 066     Episode 067     Episode 068     Episode 069     Episode 070
Episode 071     Episode 072     Episode 073     Episode 074     Episode 075
Episode 076     Episode 077     Episode 078     Episode 079     Episode 080
Episode 081     Episode 082     Episode 083     Episode 084     Episode 085
Episode 086     Episode 087     Episode 088     Episode 089     Episode 090
Episode 091     Episode 092     Episode 093     Episode 094     Episode 095
Episode 096     Episode 097     Episode 098     Episode 099     Episode 100

Monday, June 12, 2017

The Fatal Encounter (2014) - မြန်မာစာတန်းထိုး

၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကိုရီးယားဇာတ်လမ်းဟာ ဂျိုဆန်ခေတ် ဂျောင်ဂျိုဘုရင်ကို လုပ်ကြံတဲ့ တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားခြင်းဖြစ်ပါတယ် ...

ဂျောင်ဂျိုဘုရင်ဟာ ဂျိုဆန်ဘုရင်မင်းဆက်ရဲ့ ၂၂ယောက်မြောက် ဘုရင်ဖြစ်ပြီး "King of Misfortune" ဆိုပြီးလည်း အမည်တွင်ပါတယ် ... နန်းတွင်းမှာ Noron နဲ့ Soron အဖွဲ့တွေရဲ့ အာဏာပြိုင်ဆိုင်မှုတွေကြောင့် သူ့အဖေ အိမ်ရှေ့မင်းသားဟာ အဘိုး ဘုရင်လက်ချက်နဲ့ သေခဲ့ရပါတယ် ... ၁၇၇၇ခုနှစ် ဂျောင်ဂျို ဖြစ်လာတဲ့အချိန်မှာ Noron အဖွဲ့ဟာ သူတို့ရဲ့ အာဏာတည်တံ့ရေးအတွက် ဂျောင်ဂျို ဘုရင်ကို လုပ်ကြံဖို့အတွက် နန်တတ်ပြီးပြီးချင်း ပထမနှစ် လုပ်ကြံမှု ခုနစ်ကြိမ် ပြုလုပ်ခဲ့ပါတယ် .... ဒီကားဟာ အဲ့ဒီ လုပ်ကြံမှု ခုနစ်ခုထဲက တစ်ခုဖြစ်တဲ့ Jeongyuyeokbyeon အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပါတယ် ...

မင်းသား Hyun Bin, Jung Jae-young, Jo Jung-suk နဲ့ မင်းသမီး Han Ji-min တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ် ...

IMDb မှာ Rating 6.9, Rotten Tomatoesမှာ 60% ရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ် ...
ကြာမြင့်ချိန် ၂နာရီ ရှိပေမယ့် ... နန်းတွင်းအရေးရှုပ်ထွေးမှု သံယောဇဉ် မေတ္တာတွေကို ပျင်းစရာမရှိအောင် မြင်တွေ့ရမှာဖြစ်ပါတယ် ...

ဘာသာပြန်သူကတော့ Eaint Chu San ပါ ...
mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

Tuesday, June 6, 2017

Manjhi: The Mountain Man (2015) - မြန်မာစာတန်းထိုး


ကျွန်တော်တို့ဟာ အချစ်ကို ပုံစံမျိုးစံနဲ့ ခံစားကြတယ် ပုံဖော်ကြတယ် ... အချစ်ကြောင့် စွန့်စားခဲ့သူတွေ အချစ်ကို ကိုးကွယ်တဲ့သူတွေ အချစ်ကြောင့် ... အဲ့လိုမျိုးတွေကို ပုံပြင်တွေမှာရော တကယ့်လက်တွေ့ဘ၀မှာ မြင်ဘူးကြားဘူး သိဘူးခဲ့ကြပြီး ဖြစ်ပါတယ် ... ဒါဆို အချစ်ကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပုံဖော်ကြတဲ့သူတွေထဲမှာ အဲ့ဒီအချစ်ကြောင့်ပဲ တောင်ကို အလယ်ကနေဖြိုပြီး လမ်းဖောက်ခဲ့တဲ့သူရှိတယ်ဆိုရင် ကျွန်တော်တို့ လက်ခံမလား ယုံကြည်မလား???

တကယ်တော့ အဲ့ဒီလူက တကယ်ရှိပါတယ် ...သူက အိန္ဒိယနိုင်ငံသား Dashrath Manjhi ပဲ ဖြစ်ပါတယ် ... သူ့ကို အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဂါယာမြို့နားလေးက Gehlaur ဆိုတဲ့ ရွာလေးမှာ ဆင်းရဲ့တဲ့ မိသားစုကနေ မွေးဖွားခဲ့ပါတယ်.... အဲ့တုန်းက အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရတဲ့ ကာလတစ်ခုပါ ... ဒါပေမယ့် သူတို့ရွာလေးကတော့ ဘာမှမပြောင်းလဲတဲ့အပြင် အဲ့ဒီရွာကို သွားဖို့ လမ်းတောင် ကောင်းကောင်းမရှိတဲ့ အခြေအနေမျိုးပါ ... နောက်ပြီး Gehlaur နဲ့ အနီးစပ်ဆုံးမြို့ကိုသွားဖို့ အတွက် ကြားမှာ တောင်တစ်ခု ခံနေပါတယ် ... တောင်ကိုပတ်သွားရင် မိုင်၄၀ ကွာဝေးပြီး တောင်ပေါ်က ဖြတ်ရင်တော့ ၄မိုင်ပဲ ကွာဝေးတာဖြစ်ပါတယ် ... ဒါပေမယ့် ဒီလိုမတ်စောက်တဲ့တောင်ကိုဖြတ်ပြီး ဘယ်သူမှ ကူးသန်းရောင်းဝယ်သွားလာမှု မလုပ်ကြပါဘူး ...

ဒါပေမယ့် အခြေအနေတစ်ခု ဖြစ်လာတဲ့ပြီး ၂၂နှစ်ကြာပြီးတဲ့ နောက်မှာ အဲ့ဒီတောင်ကြီးဟာ Dashrath Manjhi ဆိုသူရဲ့ လက်အောက်မှာ နှစ်ခြမ်းကွဲပြီး လူသားတစ်ယောက်ရဲ့ ဇွဲကို အရှုံးပေးခဲ့ရပါတယ် ....

ဟုတ်ပါပြီ Dashrath Manjhi ဟာ ဘာလို့ အခုလို ခက်ခဲတဲ့အလုပ်ကို လုပ်ရတာလည်း???
အချစ်က တကယ်ပဲ လူတစ်ယောက်ကို တွန်းအားဖြစ်စေလား??? အဲ့ဒါတွေအပြင် ...
အဲ့ဒီခေတ်က အိန္ဒိယနိုင်ငံရဲ့ လူတန်းစားအနိမ့်အမြင့် ခွဲခြားမှု... ဆင်းရဲသားတွေကို အဆမတန် ခိုင်းစေမှု ... နိုင်ငံရေးသမား၊ နိုင်ငံ့ဝန်ထမ်းတွေချစားမှုကို တွေ့မြင်ရမှာဖြစ်ပါတယ် ...
အဲ့ဒီ လှိုင်းဒဏ်တွေကို Dashrath Manjhi တစ်ယောက် ဘယ်လို ကျော်ဖြတ်ခဲ့တယ်ဆိုတာ ခံစားကြည့်လိုက်ကြပါဦး ...

ဒီဇာတ်ကားဟာ Dashrath Manjhi အကြောင်းရိုက်ကူးပုံဖော်ထားတဲ့ အတ္ထုပတ္တိဆန်ဆန် ဇာတ်ကားမျိုးဖြစ်ပါတယ် ... Rating ကတော့ IMDbမှာ 8.1 ရရှိထားပြီး
Nawazuddin Siddiqui က Dashrath Manjhi အဖြစ်
Radhika Apte က Dashrath Manjhi ရဲ့ ဇနီး Falguni Devi အဖြစ် ပါဝင်သရုပ်ထားပါတယ် ...

Running Time: 1hr 59min

Friday, June 2, 2017

Queen for Seven Days Series (2017) - မြန်မာစာတန်းထိုး

ဒီစီးရီးဟာ KBS ရုပ်သံကနေ မေလ ၃၁ရက်နေ့က စတင်ပြသနေတဲ့ ကိုရီးယားနန်းတွင်း အချစ်ဇာတ်လမ်း စီးရီးပဲဖြစ်ပါတယ် ... ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ ထုတ်လွှင့်တာ ဖြစ်ပြီး ဒီစီးရီးမှာ အပိုင်း ၂၀ပါဝင်မှာဖြစ်ပါတယ် ...

ဇာတ်လမ်းအစမှ ပြောထားသလိုပဲ သမိုင်းကို အခြေခံထားပေမယ့် စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ် ... သမိုင်း ကျောရိုးအနေနဲ့ကတော့  မင်းသား Jin Saung ဟာ Shin Chae-Kyung နဲ့ ၁၄၉၉ ခုနှစ်မှာ ထိမ်းမြားလက်ထပ်ခဲ့ပြီး ၁၅၀၆ မှာ မင်းသား Jin Saung က ဘုရင်ဖြစ်လာပြီး Shin Chae-Kyung ကတော့ မိဘုရားဖြစ်လာပါတယ် ... ဒါပေမယ့် ခုနစ်ရက်ကြာပြီးတဲ့နောက်မှာ မိဘုရားအရာကျသွားပြီး နန်းတွင်းပြင်ပကို နှင်ထုတ်ခံခဲ့ရပါတယ် ... ဒါကတော့ ဂျိုဆန်ခေတ်မှာ တကယ်ဖြစ်ခဲ့တဲ့ သမိုင်းကျောရိုးပါ ... ဒါကို အခြေခံပြီးတော့ KBS ရုပ်သံစီးရီးက Queen for Seven Days ဆိုတဲ့ ခေါင်းစဉ်နဲ့ အချစ်ဇာတ်လမ်းလေး တစ်ခု ဖန်တီးခဲ့ပါတယ်... စောင့်မျှော်ကြည့်ရှုကြပါလို့ ...

ဒီစီးရီးထဲမှာ မင်းသမီး Park Min Young, Park Shi Eun, မင်းသား Yun Woo Jin, Baek Seung Hwan နဲ့ Lee Dong Gun တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ...

ဘာသာပြန်သူကတော့ Eaint Chu San ပါ ...

mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

.:: Download and Watch ::.

Thursday, June 1, 2017

Ronaldo (2015) - မြန်မာစာတန်းထိုး

နာမည်ကိုက Ronaldo ပါဆိုတော့ Ronaldo ရဲ့ ရုပ်ရှင်ကားပေါ့ ... Cristiano Ronaldo ရဲ့ Biography ကားပါ ... ပါဝင်သူတွေအားလုံးက သရုပ်ဆောင်တွေမဟုတ်ပါဘူး ... အားလုံးက Ronaldo နဲ့ ပတ်သက်တဲ့သူတွေချည်းပါပဲ ... ဘောလုံးဖန်တွေနဲ့ CR7 ဖန်တွေ နှစ်သက်မယ် ထင်ပါတယ် ...
ဒီဇာတ်ကားကို ၂၀၁၅ ခုနှစ်က ရုံတင်ပြသခဲ့ပြီး Director Anthony Wonke က ရိုက်ကူးခဲ့ပါတယ် ... 

IMDb မှာ Rating 6.4 ရထားပြီး mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

.:: Download and Watch ::.