Sunday, February 12, 2017

Don't Knock Twice (2016) - မြန်မာစာတန်းထိုး




ဒီ Horror Movie ဟာ September 2016 မှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ် ... ဒါရိုက်တာ Caradog W. James က ရိုက်ကူးခဲ့ပြီးတော့ Katee Sackhoff,  Lucy Boynton နဲ့ Nick Moran တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ... 

"ပထမ တံခါးတစ်ချက်ခေါက်တာက သူ့ကို အိပ်ရာက နှိုးတာ"
"ဒုတိယ တံခါးတစ်ချက်ခေါက်တာက သူ့ကို သေခြင်းတရားကနှိုးလိုက်တာ" ဆိုတဲ့ ဒီဇာတ်ကားရဲ့ ကြေညာမှုက ဘယ်လောက်ထိ ဇာတ်ကားထဲမှာ ပါဝင်မလည်းဆိုတာ ကြည့်လိုက်ပါဦး ... 

Rating တွေကတော့ IMDb မှာ 5.5 နဲ့ Rotten Tomatoes မှာ 36% တို့ရရှိထားပါတယ် ...

Running Time : 1hr 33min

Tuesday, February 7, 2017

Tomorrow With You Series (2017) - မြန်မာစာတန်းထိုး

ဒီဇာတ်ကားလေးဟာ Feb 3, 2017နေ့မှာ စတင်ပြီး ထုတ်လွှင့်နေတဲ့ ကိုရီးယားစီးရီးတစ်ခုဖြစ်ပါတယ် ... Feb 3 ကနေ March 25 ထိ သောကြာနေ့နဲ့ စနေနေ့ညတွေမှာ tvN ကနေ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေပါတယ် ... အပိုင်း (၁၆) ပါဝင်ပြီး မကြာခင်က ပြီးဆုံးသွားတဲ့ "Goblin" နေရာမှာ ထုတ်လွှင့်တဲ့ စီးရီးလည်း ဖြစ်ပါတယ်....

ဒီဇာတ်ကားမှာပါဝင်ဖို့အတွက် မင်းသားနေရာကို Lee Min-Ki ကို ကမ်းလှမ်းခဲ့ရာ အဆင်မပြေခဲ့သလို မင်းသမီးနေရာအတွက် Han Ji-Min ကို ကမ်းလှမ်းခဲ့ရာလည်း အဆင်မပြေခဲ့ပါဘူး ... ပထမဆုံး ဇာတ်ညွှန်းဖတ်ပွဲကို August 29, 2016 မှာ ကျင်းပခဲ့ပြီး September မှာ ရိုက်ကူးရေး စတင်ခဲ့ပါတယ် ...

ဇာတ်လမ်းအကျဉ်းကတော့
==============
အနာဂတ်မှာ ဆိုးဆိုးရွားရွားဖြစ်လာမှာတွေအတွက် ကြိုတင်ကာကွယ်ဖို့ ဖြစ်နိုင်မလား???
Yoo So Joon ဟာ အောင်မြင်တဲ့ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီရဲ့ ဥက္ကဌ တစ်ဦးလည်းဖြစ်သလို မြေအောက်ရထားပေါ်ကနေ အချိန်ခရီးသွားနိုင်တဲ့သူလည်း ဖြစ်ပါတယ် ... သူက အနာဂတ်ကို သွားကြည့်အချိန်မှာ သူ့ရဲ့ အနာဂတ်ဘ၀က မပျော်ရွှင်မှုတွေ ဒုက္ခတွေဖြစ်နေတာကို မြင်ခဲ့ရပါတယ် ...

သူ့ရဲ့ ဆိုးရွားလှတဲ့ အနာဂတ်ကို ကြိုစားပြီးရှောင်လွှဲဖို့အတွက် ဓာတ်ပုံဆရာမ ဖြစ်ဖို့ ကြိုးစားနေတဲ့ Song Ma Rin ကို လက်ထပ်ဖို့ သူ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ် ...
"Song Ma Rin" က သူ့ရဲ့ မပျော်ရွှင်မှုတွေ ဒုက္ခတွေပြည့်နေတဲ့ အနာဂတ်အတွက် ကူညီပေးနိုင်ပါ့မလား???



ယခု စီးရီးကို Korea ဒါရိုက်တာ Yoo Je Won က ရိုက်ကူးထားပြီးတော့

Yoo So-Joon အဖြစ် Lee Je-Hoon

Song Ma-Rin အဖြစ် Shin Min-A တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ...

Viki မှာ လောလောဆယ်တော့ Rating 9.7 ပါ...

mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

.:: Download and Watch ::.