Monday, June 12, 2017

The Fatal Encounter (2014) - မြန်မာစာတန်းထိုး

၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကိုရီးယားဇာတ်လမ်းဟာ ဂျိုဆန်ခေတ် ဂျောင်ဂျိုဘုရင်ကို လုပ်ကြံတဲ့ တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားခြင်းဖြစ်ပါတယ် ...

ဂျောင်ဂျိုဘုရင်ဟာ ဂျိုဆန်ဘုရင်မင်းဆက်ရဲ့ ၂၂ယောက်မြောက် ဘုရင်ဖြစ်ပြီး "King of Misfortune" ဆိုပြီးလည်း အမည်တွင်ပါတယ် ... နန်းတွင်းမှာ Noron နဲ့ Soron အဖွဲ့တွေရဲ့ အာဏာပြိုင်ဆိုင်မှုတွေကြောင့် သူ့အဖေ အိမ်ရှေ့မင်းသားဟာ အဘိုး ဘုရင်လက်ချက်နဲ့ သေခဲ့ရပါတယ် ... ၁၇၇၇ခုနှစ် ဂျောင်ဂျို ဖြစ်လာတဲ့အချိန်မှာ Noron အဖွဲ့ဟာ သူတို့ရဲ့ အာဏာတည်တံ့ရေးအတွက် ဂျောင်ဂျို ဘုရင်ကို လုပ်ကြံဖို့အတွက် နန်တတ်ပြီးပြီးချင်း ပထမနှစ် လုပ်ကြံမှု ခုနစ်ကြိမ် ပြုလုပ်ခဲ့ပါတယ် .... ဒီကားဟာ အဲ့ဒီ လုပ်ကြံမှု ခုနစ်ခုထဲက တစ်ခုဖြစ်တဲ့ Jeongyuyeokbyeon အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်ပါတယ် ...

မင်းသား Hyun Bin, Jung Jae-young, Jo Jung-suk နဲ့ မင်းသမီး Han Ji-min တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ် ...

IMDb မှာ Rating 6.9, Rotten Tomatoesမှာ 60% ရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ် ...
ကြာမြင့်ချိန် ၂နာရီ ရှိပေမယ့် ... နန်းတွင်းအရေးရှုပ်ထွေးမှု သံယောဇဉ် မေတ္တာတွေကို ပျင်းစရာမရှိအောင် မြင်တွေ့ရမှာဖြစ်ပါတယ် ...

ဘာသာပြန်သူကတော့ Eaint Chu San ပါ ...
mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

No comments:

Post a Comment