Sunday, June 18, 2017

House of the Disappeared (2017) - မြန်မာစာတန်းထိုး

2017 ခုနစ် April လက ထွက်ရှိခဲ့တဲ့ ဒီ ကိုရီးယား သည်းထိတ်ရင်ဖိုကားဖြစ်တဲ့ House of Disappeared ဟာ 2013 ခုနှစ်က ထွက်ရှိထားတဲ့ ဗင်နီဇွဲလား ရုပ်ရှင်ဖြစ်တဲ့ The House at the End of Time ကို မှီငြမ်းရိုက်ကူးထားခြင်းဖြစ်ပါတယ် ...

ဇာတ်လမ်းအကျဉ်းကတော့ သာမန်အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်ပြီး ကလေးတစ်ယောက်ရှိတဲ့ "မီဟီ"ဟာ သူ့လိုပဲ ကလေးတစ်ယောက်ရှိတဲ့ မုဆိုးဖို ရဲအရာရှိတစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့ပါတယ် ... တစ်ရက် သူ့ယောကျာ်းဘက်က ပါလာတဲ့ သားဟာ မတော်တဆဖြစ်ပြီး ဆုံးသွားရာ အဲ့ဒီ မတော်တဆ ဖြစ်ရပ်ဟာ "မီဟီ"တို့ သားအမိကြောင့်ဆိုပြီး စွပ်စွဲပြောဆို ရန်ရှာမှုတွေ လုပ်ခဲ့တယ်... နောက်ဆုံး သူတို့ နေတဲ့ အိမ်ထဲမှာပဲ ပြဿနာတွေဖြစ်ရင်း "မီဟီ"ရဲ့ ယောကျာ်းဟာ အိမ်ရဲ့ မြေအောက်ခန်းထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေပြီး "မီဟီ"ရဲ့ သားဖြစ်သူဟာ ပျောက်ဆုံးသွားခဲ့တယ် ... ဒီကိစ္စမှာ "မီဟီ"ဟာ မသင်္ကာစရာဖြစ်နေတာကြောင့် ပြစ်ဒဏ်တပ်ပြီး ထောင်ချခံခဲ့ရပါတယ်....

၂၅နှစ်ကြာပြီးတော့ "မီဟီ" ထောင်ကနေ ပြန်လည်လွတ်မြောက်ပြီး အကျယ်ချုပ် ဘ၀နဲ့ သူ့အိမ်မှာ ပြန်လည်နေထိုင်ခွင့်ရရှိပါတယ် ... ဒါပေမယ့် ဘေးပတ်ဝန်းကျင်ကတော့ အဲ့ဒီအိမ်ကို မကောင်းဆိုးဝါးအိမ် ဆိုပြီး သမုတ်ထားပါတယ် အကြောင်းရင်းကတော့ ဒီအိမ်မှာ ဟိုးအရင် ခေတ်အဆက်ဆက် နေထိုင်ခဲ့တဲ့မိသားစုတွေ အားလုံး ဘာသဲလွန်စမှ မကျန်ပဲ ပျောက်ဆုံးသွားခြင်းကြောင့်ဖြစ်ပါတယ် ... ဒါကြောင့်မို့ ၂၅နှစ်ကြာ ထောင်ကလွတ်ပြီး ပြန်ရောက်လာတဲ့ "မီဟီ"တစ်ယောက် ဒီလို ထူးဆန်းကြောက်လန့်စရာတွေ ဖြစ်နေတဲ့ အိမ်ကြီးထဲက အဖြစ်မှန်တွေကို ဘယ်လိုသိရမလည်း??? သူ့ယောကျာ်းသေဆုံးခြင်းနဲ့ သူ့သားပျောက်ဆုံးခြင်းရဲ့ အဖြစ်မှန်က ဘာတွေလည်းဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ကြည့်ပါဦး ...

ဒီကားမှာ "မီဟီ" အဖြစ် Kim Yunjin က ပါဝင်သရုပ်ဆောင်ထားသလို Taecyeon ကလည်း ခရစ်ယာန် ဖာသာတစ်ယောက်အနေနဲ့ အားဖြည့်သရုပ်ထားပါတယ် ...

Rating ကတော့ IMDb မှာ 6.7 ရရှိထားပါတယ် ...
Eaint Chu San မှ ဘာသာပြန်ထားပြီး mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

Running Time : 1hr 40Minutes



No comments:

Post a Comment