Tuesday, June 6, 2017

Manjhi: The Mountain Man (2015) - မြန်မာစာတန်းထိုး


ကျွန်တော်တို့ဟာ အချစ်ကို ပုံစံမျိုးစံနဲ့ ခံစားကြတယ် ပုံဖော်ကြတယ် ... အချစ်ကြောင့် စွန့်စားခဲ့သူတွေ အချစ်ကို ကိုးကွယ်တဲ့သူတွေ အချစ်ကြောင့် ... အဲ့လိုမျိုးတွေကို ပုံပြင်တွေမှာရော တကယ့်လက်တွေ့ဘ၀မှာ မြင်ဘူးကြားဘူး သိဘူးခဲ့ကြပြီး ဖြစ်ပါတယ် ... ဒါဆို အချစ်ကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပုံဖော်ကြတဲ့သူတွေထဲမှာ အဲ့ဒီအချစ်ကြောင့်ပဲ တောင်ကို အလယ်ကနေဖြိုပြီး လမ်းဖောက်ခဲ့တဲ့သူရှိတယ်ဆိုရင် ကျွန်တော်တို့ လက်ခံမလား ယုံကြည်မလား???

တကယ်တော့ အဲ့ဒီလူက တကယ်ရှိပါတယ် ...သူက အိန္ဒိယနိုင်ငံသား Dashrath Manjhi ပဲ ဖြစ်ပါတယ် ... သူ့ကို အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဂါယာမြို့နားလေးက Gehlaur ဆိုတဲ့ ရွာလေးမှာ ဆင်းရဲ့တဲ့ မိသားစုကနေ မွေးဖွားခဲ့ပါတယ်.... အဲ့တုန်းက အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရတဲ့ ကာလတစ်ခုပါ ... ဒါပေမယ့် သူတို့ရွာလေးကတော့ ဘာမှမပြောင်းလဲတဲ့အပြင် အဲ့ဒီရွာကို သွားဖို့ လမ်းတောင် ကောင်းကောင်းမရှိတဲ့ အခြေအနေမျိုးပါ ... နောက်ပြီး Gehlaur နဲ့ အနီးစပ်ဆုံးမြို့ကိုသွားဖို့ အတွက် ကြားမှာ တောင်တစ်ခု ခံနေပါတယ် ... တောင်ကိုပတ်သွားရင် မိုင်၄၀ ကွာဝေးပြီး တောင်ပေါ်က ဖြတ်ရင်တော့ ၄မိုင်ပဲ ကွာဝေးတာဖြစ်ပါတယ် ... ဒါပေမယ့် ဒီလိုမတ်စောက်တဲ့တောင်ကိုဖြတ်ပြီး ဘယ်သူမှ ကူးသန်းရောင်းဝယ်သွားလာမှု မလုပ်ကြပါဘူး ...

ဒါပေမယ့် အခြေအနေတစ်ခု ဖြစ်လာတဲ့ပြီး ၂၂နှစ်ကြာပြီးတဲ့ နောက်မှာ အဲ့ဒီတောင်ကြီးဟာ Dashrath Manjhi ဆိုသူရဲ့ လက်အောက်မှာ နှစ်ခြမ်းကွဲပြီး လူသားတစ်ယောက်ရဲ့ ဇွဲကို အရှုံးပေးခဲ့ရပါတယ် ....

ဟုတ်ပါပြီ Dashrath Manjhi ဟာ ဘာလို့ အခုလို ခက်ခဲတဲ့အလုပ်ကို လုပ်ရတာလည်း???
အချစ်က တကယ်ပဲ လူတစ်ယောက်ကို တွန်းအားဖြစ်စေလား??? အဲ့ဒါတွေအပြင် ...
အဲ့ဒီခေတ်က အိန္ဒိယနိုင်ငံရဲ့ လူတန်းစားအနိမ့်အမြင့် ခွဲခြားမှု... ဆင်းရဲသားတွေကို အဆမတန် ခိုင်းစေမှု ... နိုင်ငံရေးသမား၊ နိုင်ငံ့ဝန်ထမ်းတွေချစားမှုကို တွေ့မြင်ရမှာဖြစ်ပါတယ် ...
အဲ့ဒီ လှိုင်းဒဏ်တွေကို Dashrath Manjhi တစ်ယောက် ဘယ်လို ကျော်ဖြတ်ခဲ့တယ်ဆိုတာ ခံစားကြည့်လိုက်ကြပါဦး ...

ဒီဇာတ်ကားဟာ Dashrath Manjhi အကြောင်းရိုက်ကူးပုံဖော်ထားတဲ့ အတ္ထုပတ္တိဆန်ဆန် ဇာတ်ကားမျိုးဖြစ်ပါတယ် ... Rating ကတော့ IMDbမှာ 8.1 ရရှိထားပြီး
Nawazuddin Siddiqui က Dashrath Manjhi အဖြစ်
Radhika Apte က Dashrath Manjhi ရဲ့ ဇနီး Falguni Devi အဖြစ် ပါဝင်သရုပ်ထားပါတယ် ...

Running Time: 1hr 59min

No comments:

Post a Comment