Monday, May 29, 2017

Kidnap (2017) - မြန်မာစာတန်းထိုး

March လတုန်းက ထွက်ထားတဲ့ ဇာတ်ကားလေးပါ ... ဇာတ်လမ်းကတော့ အထွေအထူး ပြောစရာမရှိပါဘူး ... Single Mother တစ်ယောက်ဖြစ်တဲ့ Karla Dyson ဟာ သူ့သားဖြစ်တဲ့ Frankie Dyson ကို အရမ်းချစ်တဲ့ မိခင်တစ်ယောက်ပါ ... စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးလုပ်ကိုင်ပြီး သားဖြစ်သူရှိရင် ဘ၀ကို ပြည့်စုံနေပြီလို့ ထင်နေသူလည်း ဖြစ်ပါတယ် ... တစ်ရက် သူ့သားလေးကို ကစားကွင်းလိုက်ပို့ရင်း သားလေးကို ပြန်ပေးဆွဲခံလိုက်ရပါတယ် ...တခြားသူတွေသာဆို ရဲစခန်းကိုပဲ ဦးတည်သွားနိုင်ပေမယ့် Karlaကတော့ ပြန်ပေးဆွဲသမားနောက်ကို ထပ်ချပ်မကွာလိုက်ရင်း သူ့သားကို ပြန်လည်ရရှိဖို့ ကြိုးပမ်းခဲ့ပါတယ် ... ဇာတ်လမ်းကတော့ သားကိုချစ်တဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာ၊ ဘယ်တော့မှ ကိုယ့်ရင်သွေးအပေါ်ကို လက်လွှတ်ဆုံးရှုံးမခံနိုင်ပဲ ရေကန်ရေခမ်း သားဖြစ်သူပြန်ရဖို့ ဘာမဆို ကြိုးစားခဲ့တဲ့ Karla ရဲ့ မေတ္တာကို မြင်တွေ့ရမှာဖြစ်ပါတယ် ...

IMDbမှာ Rating 6.4 ရထားပြီး Eaint Chu San မှ ဘာသာပြန်ထားပါတယ်...

.:: Download and Watch ::. 

No comments:

Post a Comment