Tuesday, May 23, 2017

Before I Fall (2017) - မြန်မာစာတန်းထိုး

February 12 (ကျူးပစ်နေ့) ဟာ ဆမ်မမ်သာရဲ့ဘ၀အတွက် ပျော်စရာနေ့တွေထဲတစ်ခုပါ ဒါပေမယ့် အဲ့ဒီနေ့ဟာ သူ့ရဲ့ နောက်ဆုံးနေ့ဆိုတာ မပြောင်းလဲသွားခင်အထိပေါ့ ...

အဲ့ဒီနေ့မနက်မှာ ဆမ်မမ်သာကို လင်ဆေးလာခေါ်ပြီး တခြားသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ အယ်လ်လီနဲ့ အယ်လ်လိုဒီတို့နဲ့ အတူ ကျောင်းသွားခဲ့ပါတယ် ... ကျောင်းမှာ ကျူးပစ်နေ့ရဲ့ ထုံစံအတိုင်း ကောင်လေးတွေဟာ သူတို့ကြွေနေတဲ့ ကောင်မလေးတွေကို နှင်းဆီပန်းလေတွေ ပေးကြပါတယ်... အများဆုံး ရတဲ့သူက နာမည်ကြီးပဲပေါ့...

ဆမ်မမ်သာဟာ အတန်းထဲမှာ သူ့ကောင်လေး ရော့ဘ်ပို့လိုက်တဲ့ နှင်းဆီပွင့်အပြင် တခြားကောင်လေးတစ်ယောက် (ကန့်) ပို့လိုက်တဲ့ နှင်းဆီပွင့်ပါ လက်ခံရရှိခဲ့ပါတယ် ... အတန်းပြီးတော့ ကန့်ဟာ ည သူ့အိမ်မှာ ပါတီလုပ်ဖို့ ဖိတ်ကြားခဲ့တယ်... နောက်ပြီး ဆမ်မမ်သာတို့ သူငယ်ချင်းလေးယောက်ဟာ ကန်တင်းမှာ လူငယ်သဘာဝအရ ပေါက်တတ်ကရတွေ ပြောနေဆိုနေကြတုန်းမှာပဲ ဂျူးလီးယက်ဆိုတဲ့ ကောင်မလေးတစ်ယောက် ကန်တင်းထဲကို ၀င်လာတာကို သူတို့တစ်အုပ်လုံးက ၀ိုင်းပြီးနောက်ပြောင်ကြပါတယ် ...

ညရောက်တော့ သူတို့အုပ်စုဟာ ကန့်ဖိတ်ထားတဲ့ သူ့အိမ်က ပါတီကို သွားကြပြီး ပါတီမှာ မဖိတ်ခေါ်ပဲ ရောက်လာတဲ့ ဂျူးလီးယက်ကို တွေ့ရာက ပြဿနာတက်ပြီး သူတို့အုပ်စုဟာ အိမ်ပြန်သွားခဲ့တယ် ... အပြန်လမ်းမှာ ကားမတော်တဆမှု ဖြစ်သွားခဲ့ပါတယ် ...

ဒါပေမယ့် ဆမ်မမ်သာဟာ အဲ့ဒီနေ့ မနက်ကို ပြန်ရောက်နေပြီး သူမနက်နိုးလာတဲ့ ပုံအတိုင်းပဲရှိနေကာ တစ်နေလုံး သူဖြစ်ပျက်ခဲ့တာတွေပဲ ပြန်လည်ဖြစ်ပျက်ခဲ့တယ် ... အဲ့လို ထပ်ခါတလဲလဲ ဖြစ်နေတဲ့ သူ့ရဲ့ အဲ့ဒီနေ့မှာ နောက်ဆုံး သူသိလိုက်တာ လူတွေဟာ သူတို့ထင်ထားသလိုမဟုတ်ကြဘူး ... အားလုံးက သူ့အဆင်းသူ့အချင်းနဲ့ပဲ ဆိုတာ သေချာသိမြင်လိုက်ရပါတယ် ... နောက်ဆုံးဘယ်လို အဆုံးသတ်သွားလည်းဆိုတာတော့ ကြည့်လိုက်ကြပါဦး ...

ဒီဇာတ်ကားဟာ ၂၀၁၀ခုနှစ်က စာရေးဆရာမ Lauren Oliver ရေးထားတဲ့ ရောင်းရအကောင်းဆုံး စာရင်းဝင်တဲ့ စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ် ... "အရာအားလုံးဟာ သေချာကြည့်လိုက်ရင် လှလာပါလိမ့်မယ်"ဆိုတဲ့ စာရေးဆရာမ Lauren Oliver ရဲ့ Before I Fall ဟာ ဇာတ်ကားကြည့်ပြီးတဲ့နောက် ရင်ထဲမှာတစ်ခုခု ကျန်နေခဲ့မယ်ဆိုတာ သေချာပါတယ် ...

ဒီဇာတ်ကားဟာ IMDb မှာ 6.4, Rotten Tomatoes မှာ 66% Rating ရရှိထားတဲ့ဇာတ်ကားလည်း ဖြစ်ပါတယ် ... ကြည့်ရှုလိုက်ကြပါဦးလို့ ...

mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

:: Download and Watch ::.


No comments:

Post a Comment