Saturday, March 4, 2017

Hua Xu Yin - The City of Desperate Love Series (2015) - မြန်မာစာတန်းထိုး

Hua Xu Yin - The City of Desperate Love လို့ခေါ်တဲ့ ဒီဇာတ်လမ်းတွဲကို July 9, 2015 မှာ SCTV ကနေ စတင်ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး (၄၈) ပိုင်းပါဝင်ပါတယ် ... Romance အမျိုးအစား သိုင်းကားဖြစ်ပြီး တရုတ်လို 华胥引之绝爱之城 လို့ ခေါ်ပါတယ် ...

ပုံပြင်တစ်ပုဒ်လို အစပြုထားပြီး မတူညီတဲ့ နိုင်ငံနှစ်ခုကနေ အခြေတည်ထားပါတယ် ... ဇာတ်လမ်းအကျဉ်းကတော့ ဝေနိုင်ငံရဲ့ မင်းသမီးဟာ လူတစ်ယောက်ကို စွဲစွဲလမ်းလမ်း ချစ်မိသွားခဲ့ပါတယ် ... ဒါပေမယ့် သူ ချစ်ရတဲ့သူဟာ သူတို့ဝေနိုင်ငံရဲ့ ရန်သူနိုင်ငံဖြစ်နေတဲ့အတွက် ဝေနိုင်ငံကလူတွေက သူ့ကို တိုင်းပြည်သစ္စာဖောက်လို သမုတ်ကြပါတယ် ... နောက်ဆုံး တိုင်းပြည်အပေါ်ကို သစ္စာပြတဲ့အနေနဲ့ မြို့ရိုးပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်သွားခဲ့ပါတယ် ...

ဒါပေမယ့် သူဟာ အဏ္ဏ၀ါမျက်ရည်ပုလဲကြောင့် သေရမှ ပြန်ရှင်လာသလို အဲ့ဒီ ပုလဲရဲ့ စွမ်းအားတွေကို သေခြင်းတရားရဲ့ တန်ဖိုးကို ပြန်ပေးဆပ်စေဖို့ အသုံးချဖို့အတွက်ဖြစ်လာပါတယ် ... သူဟာ အချစ်ရဲ့ ပုံစံအမျိုးမျိုးကို ကြုံတွေ့ခဲ့ရသလို အချစ်နဲ့တွေ့တဲ့အခါ အားနည်းချက်တွေ ဖြစ်လာတာကိုလည်း ရင်ဆိုင်ခဲ့ရပါတယ် ...

ဒီဇာတ်လမ်းတွဲမှာ သုံးထားတဲ့ အပြင်အဆင်တွေနဲ့ ပါဝင်သရုပ်ဆောင်တဲ့သူတွေရဲ့ အ၀တ်အစားပုံစံတွေအတွက် အရမ်းကို အနုစိတ် ပြင်ဆင်ထားတယ်ဆိုတာလည်း မြင်တွေ့ရမှာဖြစ်ပါတယ် ...

တရုတ်သိုင်းကားကြိုက်တဲ့သူတွေအတွက် နောက်ထပ် အကြိုက်ထပ်တွေ့စေမှာလို့ ယုံကြည်ပါတယ် ...
ကြည့်ရှုအားပေးကြပါဦးလို့ ... အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ... :) :) :)


.:: Download and Watch ::.



6 comments:

  1. ကြည့်လို့ကောင်းပါတယ် အဆက်တွေထပ်တင်ပေပါနော် ကျေးဇူးအများကြီးတင်ပါတယ် MMTV95.

    ReplyDelete
  2. Please ဆက်တင်ပေပါနော် admတို့ရေ

    ReplyDelete
  3. ကျေးဇူးပြု၍ အဆက်လေးပြန်တင်ပေးပါလား

    ReplyDelete
  4. good အရမ်းကောင်းတယ်ဗျာ အဆက်လေး လုပ်ပါဦး

    ReplyDelete