Thursday, July 6, 2017

Detective Conan (1996 - )

ဒီ Detective Conan Japan Anime စီးရီးဟာ ၁၉၉၆ကနေ ထွက်ရှိခဲ့ပြီး အခုချိန်ထိ ပြသနေစဲ ဖြစ်တဲ့ Anime သက်တော်ရှည် စီးရီးတစ်ခုဖြစ်ပါတယ် ... Anime Fans အတွက် အရမ်းကို ရင်းနှီးတဲ့ စီးရီးပါ... စုံထောက်ဝါသနာပါတဲ့သူတွေ အကြိုက်တွေ့စေမှာလည်း ဖြစ်ပါတယ် .... Anime Series တွေ ရှာရအခက်တွေ့နေသူများအတွက် mmtv95 မှ ပြန်လည်တင်ဆက်လိုက်ရပါတယ် ... မြန်မာစာတန်းမထိုးပါ ... English စာတန်းထိုးပါပဲ ...

.:: Download and Watch ::.

Ep 001   Ep 002   Ep 003   Ep 004   Ep 005   Ep 006   Ep 007   Ep 008   Ep 009   Ep 010

Tuesday, June 27, 2017

Batman: The Animated Series Season 1 (1992) မြန်မာစာတန်းထိုး

ဒီတစ်ခါတော့ IMDb မှာ Rating 9 အထိရရှိထားတဲ့ ၁၉၉၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Batman: The Animated Series လေးနဲ့ မိတ်ဆက်ပေးပါရစေ ... ဒီစီးရီးဟာ ၁၉၉၂ ခု စက်တင်ဘာ ၅ ရက်နေ့ကနေပြီး ၁၉၉၅ခု စက်တင်ဘာ ၁၉၉၅ထိ Fox Kids ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ နာမည်ကြီး စီးရီးတစ်ခုဖြစ်ပါတယ် ... Season ၃ ခုအတွက် စုစုပေါင်း အပိုင်း ၈၅ပိုင်း ထုတ်လွှင့်ပြသခဲ့ပြီး နောက်ထပ်တိုး Season - The New Batman Adventures က အပိုင်း ၂၄ ပါဝင်တဲ့အတွက် အားလုံးပေါင်း Season ၄ခု အပိုင်း ၁၀၉ ပိုင်းပါ ...
အားပေးကြပါဦးလို့ ... mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

Running Time : 22mins

.:: Download and Watch ::.


Sunday, June 25, 2017

The 100 (2014) Season 3 - မြန်မာစာတန်းထိုး



Season 2 မှာ အာကာသထဲမှာ ရှိတဲ့ Arkက လူတွေအားလုံး မြေပြင်ပေါ်ကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ် ... ဒီအပိုင်းတွေမှာ Grounders တွေနဲ့ ငြိမ်းချမ်းရေးယူပြီး Mount Weather ကို တိုက်ထုတ်ဖို့ ကြိုးစားခဲ့ပေမယ့် Mount Weather နဲ့ Grounders တွေရဲ့ အကြီးအကဲ သဘောတူညီမှု ရခဲ့တာကြောင့် Ark က Clark ဦးဆောင်တဲ့ အဖွဲ့ပဲ ကျန်ခဲ့ပါတော့တယ် ... ဒါပေမယ့် Clark ရဲ့ ကြိုးစားမှုကြောင့် Mount Weather ကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် Ark က လူတွေအပေါ် ကျူးလွန်းခဲ့တဲ့ အပြစ်တွေကို ရင်မဆိုင်နိုင်လို့ Clark ဟာ တစ်ယောက်တည်း အပြင်ဘက်ကို ထွက်သွားခဲ့ပြီး Season 2 အဆုံးသတ်ခဲ့ပါတယ် ...

ဒီအပိုင်းမှာတော့ အလင်းမြို့တော်မှာ ရှိနေတဲ့ သလောနီးယပ်စ်နဲ့ ဂျွန်မာဖီ, တောအုပ်ထဲမှာ တစ်ယောက်တည်း ဖြစ်နေတဲ့ Clark, ကမ္ဘာမြေပေါ်မှာ အတည်တကျဖြစ်ဖို့ ကြိုးစားနေတဲ့ Ark အပြင် တခြားတခြားသော အရင်က ကမ္ဘာမြေမှာရှိတဲ့ အုပ်စုတွေနဲ့လည်း ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ် ...

mmtv95 မှ တင်ဆက်လိုက်ရပါတယ် ... 

.:: Download and Watch ::. 

S03E01    S03E02
S03E03    S03E04



Saturday, June 24, 2017

Last Summer (2013) Thailand - မြန်မာစာတန်းထိုး

ဒီ ထိုင်း Horror ကားဟာ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်... ထိုင်းလို Ruedoo ron nan chan tai ဖြစ်ပါတယ် ... မင်းသား Jirayu La-ongmanee, Ekawat Ekudchariya, မင်းသမီး Sutatta Udomsilp နဲ့ Pimpakan Praekunnatham တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ...
ဇာတ်လမ်းအကျဉ်းက Joy (Sutatta Udomsilp) ဟာ တတ်သစ်စ မင်းသမီးတစ်ယောက်ဖြစ်သလို ကျောင်းမှာလည်း ပေါ်ပြူလာဖြစ်တဲ့သူ တစ်ယောက်ပါ ... ဒါပေမယ့်လည်း အိမ်ကဖိအားဒဏ်တွေကို မခံနိုင်တဲ့ တစ်ရက် Facebook ပေါ်မှာ "သေချင်တယ်"ဆိုတဲ့ Status တစ်ခုတင်ခဲ့ပါတယ် .. ချက်ချင်းပဲ Online ပေါ်မှာ ရှိနေတဲ့ သူ့ကောင်လေး Singh (Jirayu La-ongmanee)  က မြင်သွားပြီး ဒီလို ဖိအားတွေက ကင်းဝေးဖို့ ပင်လယ်ကို သွားရအောင်လို့ ခေါ်ရာ ချက်ချင်းပဲ မငြင်းပဲ Joy က ပင်လယ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ် ...
ဒါနဲ့ Joy နဲ့ Singh အပါအ၀င် အချစ်ဆုံးသူငယ်ချင်းလေးယောက် ပင်လယ်သွားကြရာ ညပိုင်းလေးယောက်လုံး အရက်သောက် ဆေးသုံးရာကနေ Joy က သူ့ရဲ့ ရောဂါဖြစ်တဲ့ ပန်းနာရောဂါဖြစ်လာပါတယ် ... ဒါပေမယ့် အဲ့ဒီကနေ မမျှော်လင့်ပဲ Joy သေသွားရာကနေ ဒီဇာတ်လမ်း ဖြစ်တည်လာခဲ့ပါတယ် ...

ဒီဇာတ်ကားအပြီးမှာ သိလိုက်ရမှာက လောကမှာ လူသေတွေထက် အသက်ရှင်နေတဲ့သူတွေက ပိုပြီး ကြောက်စရာကောင်းတယ်ဆိုတာပါပဲ ....

IMDb မှာ 5.9 Rating ရရှိထားတဲ့ Horror ကားတစ်ခုပါ ...
Eaint Chu San မှ ဘာသာပြန်ပေးပြီး mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

Running Time : 1hr 29mins


Thursday, June 22, 2017

The Warriors Gate (2016) - မြန်မာစာတန်းထိုး

The Warriors Gate (Enter the Warriors Gate) ဇာတ်ကားဟာ 2016 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Action ကား တစ်ကားဖြစ်ပါတယ် ...

ဇာတ်လမ်းအကျဉ်းက - Jack Bronson ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ Video Game ကို အရူးအမူးဆော့တဲ့ သူတစ်ယောက်ပါ ... နောက်ပြီး ကျောင်းမှာ အမြဲတမ်းအနိုင်ကျင့်ခံရတဲ့သူဖြစ်သလို အပေါင်းအသင်းလည်း သိပ်မရှိပါဘူး ... သူ့ရဲ့ အခင်မင်ရဆုံး အပေါင်းအသင်းက ရှေးဟောင်းပစ္စည်းတွေရောင်းတဲ့ မစ္စတာချန်ဆိုတဲ့ တရုတ်လူမျိုး တစ်ယောက်ပါ ... နောက်ပြီး Jack က မစ္စတာချန်ရဲ့ဆိုင်မှာ အလုပ်ကူလုပ်နေတဲ့သူပါ ... တစ်ရက် သူ့ကျောင်းက Travis တို့အုပ်စုက အနိုင်ကျင့်လို့ ပြေးရင်း သူ့ရဲ့ တစ်ဦးတည်းသော အပေါင်းအဖော်ဖြစ်တဲ့ မစ္စတာချန်ဆီ ရောက်လာပါတယ် ... မစ္စတာချန်ဟာ သူ့အမျိုးက ပို့လိုက်တဲ့ ရှေးဟောင်းသေတ္တာတစ်ခုကို လက်ဆောင်ပေးလိုက်ရကနေ ဒီဇာတ်လမ်း စဖြစ်လာပါတယ် ... ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ စစ်သည်တော် တစ်ယောက်လို ဘယ်လိုတွေဖြစ်လာပြီး တရုတ်နိုင်ငံရဲ့ ဧကရာဇ်ဘုရင်မနဲ့ ဘယ်လိုအကြောင်းဆုံမလည်း ဆိုတာ ကြည့်ရမှာဖြစ်ပါတယ် ... 

 Rating ကတော့ IMDb မှာ 5.3, Rotten Tomatoes မှာ 43% ရရှိထားပါတယ် ...

mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...