Saturday, June 24, 2017

Last Summer (2013) Thailand - မြန်မာစာတန်းထိုး

ဒီ ထိုင်း Horror ကားဟာ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်... ထိုင်းလို Ruedoo ron nan chan tai ဖြစ်ပါတယ် ... မင်းသား Jirayu La-ongmanee, Ekawat Ekudchariya, မင်းသမီး Sutatta Udomsilp နဲ့ Pimpakan Praekunnatham တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ...
ဇာတ်လမ်းအကျဉ်းက Joy (Sutatta Udomsilp) ဟာ တတ်သစ်စ မင်းသမီးတစ်ယောက်ဖြစ်သလို ကျောင်းမှာလည်း ပေါ်ပြူလာဖြစ်တဲ့သူ တစ်ယောက်ပါ ... ဒါပေမယ့်လည်း အိမ်ကဖိအားဒဏ်တွေကို မခံနိုင်တဲ့ တစ်ရက် Facebook ပေါ်မှာ "သေချင်တယ်"ဆိုတဲ့ Status တစ်ခုတင်ခဲ့ပါတယ် .. ချက်ချင်းပဲ Online ပေါ်မှာ ရှိနေတဲ့ သူ့ကောင်လေး Singh (Jirayu La-ongmanee)  က မြင်သွားပြီး ဒီလို ဖိအားတွေက ကင်းဝေးဖို့ ပင်လယ်ကို သွားရအောင်လို့ ခေါ်ရာ ချက်ချင်းပဲ မငြင်းပဲ Joy က ပင်လယ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ် ...
ဒါနဲ့ Joy နဲ့ Singh အပါအ၀င် အချစ်ဆုံးသူငယ်ချင်းလေးယောက် ပင်လယ်သွားကြရာ ညပိုင်းလေးယောက်လုံး အရက်သောက် ဆေးသုံးရာကနေ Joy က သူ့ရဲ့ ရောဂါဖြစ်တဲ့ ပန်းနာရောဂါဖြစ်လာပါတယ် ... ဒါပေမယ့် အဲ့ဒီကနေ မမျှော်လင့်ပဲ Joy သေသွားရာကနေ ဒီဇာတ်လမ်း ဖြစ်တည်လာခဲ့ပါတယ် ...

ဒီဇာတ်ကားအပြီးမှာ သိလိုက်ရမှာက လောကမှာ လူသေတွေထက် အသက်ရှင်နေတဲ့သူတွေက ပိုပြီး ကြောက်စရာကောင်းတယ်ဆိုတာပါပဲ ....

IMDb မှာ 5.9 Rating ရရှိထားတဲ့ Horror ကားတစ်ခုပါ ...
Eaint Chu San မှ ဘာသာပြန်ပေးပြီး mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

Running Time : 1hr 29mins


No comments:

Post a Comment