Wednesday, November 30, 2016

The Zookeeper's Wife (2017) Trailers - မြန်မာစာတန်းထိုး

ကမ္ဘာအရောင်းရဆုံး စာအုပ်တွေထဲက တစ်အုပ်ဖြစ်တဲ့ Diane Ackerman ရေးသားတဲ့ The Zookeeper's Wife စာအုပ်ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားပြီး ၂၀၁၇ခုနှစ် မတ်လမှာ ရုံတင်ပြသမှာဖြစ်ပါတယ် ...
မင်းသမီးအဖြစ် Jessica Chastain က ပါဝင်သရုပ်ဆောင်ထားပြီး
မင်းသားကတော့ Daniel Brühl ပါ ...

ရုပ်ရှင်ကားကြီး မထွက်ခင်တော့ Trailer လေးတွေကို မြန်မာစာတန်းထိုးနဲ့ အရင် ကြည့်ရှုခံစားပါဦးလို့ ...


Saturday, November 26, 2016

Fifty Shades Darker (2017) Trailers - မြန်မာစာတန်းထိုး

၂၀၁၅ ခုနှစ် ချစ်သူများနေ့မှာ ထွက်ရှိသွားပြီး ပရိတ်သက်တွေကြားမှာ အရမ်းကိုအောင်မြင်သွားတဲ့ Fifty Shades of Grey ရဲ့ ဒုတိယကား Fifty Shades Darker ပါ ... ဒီကားလေးဟာလည်း ၂၀၁၇ခုနှစ် ခစ်သူများနေ့မှာပဲ ထွက်ရှိလာဦးမှာပါ ...
မင်းသားနဲ့ မင်းသမီးကတော့ အပြောင်းအလဲမရှိ Jamie Dornan နဲ့ Dakota Johnson ပါပဲ ... အခုတော့ Trailers ပဲ ထွက်သေးလို့ မြန်မာစာတန်းထိုးနဲ့ ခံစားကြည့်ရှုကြပါဦးလို့ ...


Friday, November 25, 2016

Kong: Skull Island (2017) Trailers - မြန်မာစာတန်းထိုး






၂၀၁၇ မတ်လမှာ ထွက်ရှိလာမယ့် Kong: Skull Island ရဲ့ Trailers တွေပါ ... မင်းသား Tom Hiddleston က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ... အခုတော့ Trailers တွေ ကြည့်ထားပါဦးလို့ ...

Thursday, November 24, 2016

Beauty and the Beast (2017) Trailers - မြန်မာစာတန်းထိုး

၂၀၁၇မှာ ထွက်ရှိမယ့် Beauty and the Beast ဇာတ်ကားရဲ့ Trailer တွေပါ ... မင်းသမီး Emma Watson အပါအ၀င် တခြားနာမည်ကြီး သရုပ်ဆောင်များစွာပါဝင်ထားတဲ့ ဒီ ဇာတ်ကားလေးဟာ ကျွန်တော်တို့ရဲ့ ငယ်ဘ၀အတိတ်တွေဆီပြန်လည်ခေါ်ဆောင်သွားဦးမှာပါ ... အခုတော့ Trailer လေး ကြည့်ပြီး ကျေနပ်ထားလိုက်ပါဦးလို့ ...


Friday, November 18, 2016

Romantic Doctor, Teacher Kim Series (2016) - မြန်မာစာတန်းထိုး

Romantic Doctor, Teacher Kim ဆိုတဲ့ ဒီ တောင်ကိုရီးယားရုပ်သံစီးရီးလေးဟာ အခုမှ လွှင့်နေဆဲ စီးရီးဖြစ်ပါတယ် ... နိုဝင်ဘာ ၇, ၂၀၁၆က စတင်ထုတ်လွှင့်ပြီးတော့ ဇန်န၀ါရီ ၁၀, ၂၀၁၇မှာ ပြီးစီးမယ့် ဒီစီးရီးလေးဟာ အပိုင်း (၂၀) ပါဝင်ပြီး SBS ကနေ တင်္နလာနေ့နဲ့ အင်္ဂါနေ့တွေမှာ ထုတ်လွှင့်ပြသပါတယ် ...
ဇာတ်လမ်းအကျဉ်းကတော့
==============
"Hand of God" လို့ နာမည်ကျော်ကြားတဲ့ ခွဲစိတ်ဆရာဝန် "Boo Yong-Joo"ဟာ ဘယ်သူမှ မသိလိုက်ပဲ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါတယ် ... နောက်ပိုင်းမှာ Teacher Kim လို့ ပေါ်ထွက်ခဲ့ပြီး သူ့ကိုယ်သူ Romantic Doctor လို့ ခေါ်ဆိုခဲ့ပါတယ် ...
Kang Dong-Joo နဲ့ Yoon Seo-Jung တို့ ကြိုးစားအားထုတ်မှုတွေနဲ့ ဆရာဝန်တွေဖြစ်လာပြီး Teacher Kim နဲ့ တွေ့တဲ့အခါမှာ ဘာတွေဆက်ဖြစ်မလည်းဆိုတာ အားပေးလိုက်ကြပါဦးလို့ ...

Teacher Kim အဖြစ် Han Suk-kyu

Kang Dong-Joo အဖြစ် Yoo Yeon-seok

Yoon Seo-Jung အဖြစ် Seo Hyun-jin တို့ ပါဝင် သရုပ်ဆောင်ထားပါတယ် ... 

Viki မှာ လောလောဆယ်တော့ Rating 9.6 ဖြစ်နေပါတယ် ...

ဒီရှုပ်ထွေးလှတဲ့ ဆေးလောကအကြောင်းတွေကို ကြိုးစားပြီး ဘာသာပြန်ပေးသူကတော့
>>> Eaint Chu San <<< ပါ ... ကိုယ်အရမ်းကြီးနားမလည်တဲ့ ဆေးလောကဆိုင်ရာစကားလုံးတွေ   ဖြစ်တဲ့အတွက် တတ်နိုင်သလောက် ကြိုးစားပြီး ဘာသာပြန်ပေးထားပါတယ်တဲ့ ... အမှားပါရင် ခွင့်လွှတ်ပေးပါကြပါလို့ ...

mmtv95 မှ တင်ဆက်လိုက်ရပါတယ် ...

.:: Download and Watch ::.