Tuesday, October 25, 2016

The Classic of Mountains and Seas Series (2016) - မြန်မာစာတန်းထိုး




The Classic of Mountains and Seas တရုတ်ဇာတ်လမ်းတွဲကို မတ်လ ၂၀၁၆ခုနှစ်မှာ Human TV မှ ထုတ်လွှတ်တင်ဆက်ခဲ့ပြီး မေလ ၂၀၁၆ခုနှစ်မှာ ပြီးစီးခဲ့ပါတယ် ... အပိုင်းပေါင်း (၄၂) ပိုင်းပါတဲ့ ဒီဇာတ်လမ်းတွဲဟာ Rating အနေနဲ့ Viki မှာ 9.2 အထိရရှိထားပြီး MyDramaList မှာ 7.5 ထိ ရရှိထားတာလည်း ဖြစ်ပါတယ် ... 

ဒီဇာတ်လမ်းတွဲဟာ 4th century BC ကတည်းက ရေးသားထားတာဖြစ်တဲ့ Classic of Mountains and
Seas ဆိုတဲ့ စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ် ... ရေးသားတဲ့လူကို အခုချိန်ထိ မဖော်ထုတ်နိုင်သေးပေမယ့် တရုတ်ပြည်မှာတော့ ဒဏ္ဍာရီနဲ့ ယဉ်ကျေးမှုတွေအကြောင်း ရေးထားတဲ့ စာအုပ်အဖြစ် ထင်ရှားပါတယ် ...

စာအုပ်မှာတော့ အခန်းပေါင်း ၁၈ခန်း ပါဝင်ပြီး တောင်ပေါင်း ၅၀၀ကျော်နဲ့ မြစ်ပေါင်း ၃၀၀ ကျော်ကို   ဖော်ပြထားပါတယ် ... နောက်ပြီး တိရစ္ဆာန်အမျိုးပေါင်း ၂၇၇ကောင်ထက် မနည်း စာအုပ်ထဲမှာ ပါဝင်တယ် လို့ ပညာရှင်တွေက ဆိုထားပါသေးတယ် ...

The Classic of Mountains and Seas စာအုပ်ဟာ တရုတ်ဒဏ္ဍာရီပုံပြင်တွေရဲ့ မူလရင်းမြစ်တွေထဲကမှ တစ်ခုဆိုရင်လည်း မမှားပါဘူး ...


နောက်ဆုံး ပြောချင်တာတော့ ဒီဇာတ်ကားထဲမှာ Effects ပေါင်းများစွာကို မရိုးအောင်သုံးထားပါတယ် ...
တရုတ်သိုင်းကားကြိုက်တဲ့သူတွေအတွက် နောက်ထပ် အကြိုက်ထပ်တွေ့စေမှာလို့ ယုံကြည်ပါတယ် ...
ကြည့်ရှုအားပေးကြပါဦးလို့ ... အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ... :) :) :)

.:: Download and Watch ::.

Monday, October 24, 2016

Operation Chromite (2016) - မြန်မာစာတန်းထိုး


ဇာတ်လမ်းအကျဉ်း
==============
၁၉၅၀ခုနှစ် စက်တင်ဘာလ ကိုရီးယားမှာ ဖြစ်ပွားခဲ့တဲ့ Battle of In Chon ရဲ့ အဓိက အစိတ်အပိုင်းလို့   ပြောလို့ရတဲ့ "Operation Chromite" ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ ... မြောက်ကိုရီးယား ၀င်တိုက်လို့ တောင်ကိုရီးယားနယ်မြေတွေ တဖြည်းဖြည်းဆုံးရှုံးနေရာမှ နောက်ဆုံး အင်ချွန်ကမ်းခြေကိုပါ   အလျော့ပေးလိုက်ရပါတော့တယ် ... အင်ချွန်ကမ်းခြေတ၀ိုက်မှာ မြေမြှပ်မိုင်းတွေတင်မဟုတ်ဘူး ရုရှားက ထောက်ပံ့ထားတဲ့ ရေမြှုပ်မိုင်းတွေပါ ရှိနေတော့ စစ်ကူပေးတော့ အမေရိကန်ရေတပ်လည်း   ရှေ့ဆက်တိုးမရဖြစ်နေပါတယ် ...

အဲ့ဒီအချိန်မှာ ခေါင်းမာပြီး သတ္တိပြောင်လှတဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး Douglas MacArthur ကိုယ်တိုင် ရေးဆွဲခဲ့တဲ့ "Operation Chromite"ဆိုတဲ့ လျို့ဝှက်စစ်ဆင်ရေးတရပ်ပေါ်လာပါတော့တယ် ... "Operation X-Ray"လို့လည်း ခေါ်တဲ့ ဒီစစ်ဆင်ရေးကို တောင်ကိုရီးယားသား ၈ယောက်ပါဝင်တဲ့ လျို့ဝှက်အဖွဲ့ကို မြောက်ကိုရီးယားဘက် သူလျိုလွှတ် အကောင်အထည်ဖော်စေခဲ့ပါတယ် ...

ဘတ်ဂျက်တော်တော်များများသုံးထားတဲ့ သမိုင်းဝင်ဒီဇာတ်ကားမှာ အမေရိကန် ဗိုလ်ချုပ်ကြီး Douglas MacArthur အဖြစ် Taken, Non-stop, Unknown နဲ့ အခြားသော ဇာတ်ကောင်းပေါင်းများစွာတို့နဲ့   အောင်မြင်ကျော်ကြားတဲ့ နာမည်ကြီး မင်းသား Liam Neesonက ပါဝင်သရုပ်ဆောင်ထားပါတယ် ... ကိုရီးယား သရုပ်ဆောင်တွေဖြစ်တဲ့ Lee Jung-jae, Lee Beom-sooနဲ့ Jin Se-yeon တို့ရဲ့ ဒီ "Operation Chromite"မှာ ဘယ်လိုတွေ ပါဝင်သရုပ်ဖော်ကြမလည်းဆိုတာ ကြည့်ရှုအားပေးကြပါဦးလို့ ...

Rating အနေနဲ့ကတော့ IMDb မှာ 6.4နဲ့ Rotten Tomatoes မှာ 40% ရရှိထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ် ...

Running Time : 1hr 51min


Saturday, October 22, 2016

The Shallows (2016) - မြန်မာစာတန်းထိုး


ဇာတ်လမ်းအကျဉ်း
=========
           အမေကွယ်လွန်သွားလို့ ခံစားနေရတဲ့ ဆေးကျောင်းသူ နန်စီ အဒမ် (Nancy Adams) ဟာ သူ့ရဲ့ ရင်တွင်းဝေဒနာတွေ ဖြေဖျောက်ဖို့အတွက် လူသူ အရောက်အပေါက်နည်းတဲ့ ကမ်းခြေတစ်ခုဆီကို ထွက်လာခဲ့ပါတယ် ... အစကတော့ သူငယ်ချင်းတွေနဲ့ လာတာဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သူတစ်ယောက်တည်း ရေလွှာလျှောစီးဖို့ ဖြစ်လာခဲ့ပါတယ် ... အဲ့အချိန်မှာပဲ သူတစ်ယောက်တည်း   ရေလွှာလျှောစီးနေတုန်းမှာ ငါးမန်းကြီးတစ်ကောင်ရဲ့ ရုတ်တရက်တိုက်ခိုက်ခံလိုက်ရတဲ့ နန်စီဟာ သူရောက်နေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ကျောက်ဆောင်တစ်ခုဆီကို ကူးသွားဖို့   ဖြစ်လာပါတော့တယ် ... ကျောက်ဆောင်ပေါ်ရောက်သွားတဲ့ အချိန်မှာ ငါမန်းကလည်း အဲ့ပတ်ဝန်းကျင် တ၀ိုက်မှာပဲ လှည့်လည်နေပါတယ် ... ဒဏ်ရာကလည်း ရထား ဒီရေကလည်း တဖြည်းဖြည်းတက်လာရာက မကြာခင် သူနေနေတဲ့ ကျောက်ဆောင်ကို ဖုံးလွှမ်းခါနီး အချိန်မှာတော့ ... နန်စီ တစ်ယောက် ဘာလုပ်မလည်းဆိုတာ မြင်တွေ့ရမှာ ဖြစ်ပါတယ် ...

June လမှ ထွက်ရှိတဲ့ထားတဲ့ ရုပ်ရှင်ကားဖြစ်ပြီး မင်းသမီး Blake Lively က ရင်သပ်ရှုမောဖွယ်ဖြစ်အောင် သရုပ်ဆောင်သွားထားပါတယ် ... အသုံးစရိတ် 17 million USD ကိုသာ အသုံးပြုထားပြီး Box Office မှာ ၀င်ငွေ 118.3 million USD ပြန်လည်ရရှိထားတဲ့ ရုပ်ရှင်ကားလည်း ဖြစ်ပါတယ် ...

Rating တွေကတော့ IMDb မှာ 6.4 နဲ့ Rotten Tomatoes မှာ 77% ရရှိထားတဲ့ ဇာတ်ကားလည်း   ဖြစ်ပါတယ် ...

Running Time: 1hr 27min
Translator      : Eaint Chu San


Tuesday, October 11, 2016

Scholar Who Walks the Night Series (2015) - မြန်မာစာတန်းထိုး


ဇာတ်လမ်းအကျဉ်း ...

               ဟိုးအရင် ကိုရီးယားနိုင်ငံ ဂျိုဆန်ခေတ်မှာ ခေတ်အဆက်ဆက်ဘုရင်တွေဟာ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ အာဏာတည်မြဲဖို့အတွက် သွေးစုပ်ဖုတ်ကောင် အကူအညီတွေယူခဲ့ကြတယ် ... ဒါပေမယ့် အိမ်ရှေ့မင်းသား ဂျွန်ဟွမ်းလက်ထက်မှာ ခေတ်အဆက်ဆက် အကူအညီယူလာတဲ့   သွေးစုပ်ဖုတ်ကောင်တွေကို ဆန့်ကျင်ဖို့ ကြိုးစားလာတယ် ... သူ့ရဲ့ စိတ်ကူးက သွေးစုပ်ဖုတ်ကောင်ကို ကိုးကွယ်နေတဲ့ အုပ်ချုပ်မင်းလုပ်တဲ့ ဘုရင်ဟာ တိုင်းသူပြည်သားအပေါ်မှာ ဘယ်လို တာဝန်ကျေ မှာတုန်းဆိုတဲ့ စိတ်နဲ့ သွေးစုပ်ဖုတ်ကောင်တွေကို ဆန့်ကျင်ဖို့လုပ်တယ် ... သူနဲ့ ငယ်ငယ်လေး ကတည်းက ပေါင်းလာတဲ့ စာပေသမားပညာရှိလည်းဖြစ် သူရသတ္တိနဲ့လည်း ပြည့်စုံတဲ့ အွန်ဆွန်ဂို ဟာလည်း ဒီအကြောင်းတွေ သိသွားတဲ့အခါမှာတော့ ... ဆက်ပြီး ကြည့်ရှုအားပေးပေးပါဦးလို့ ... :) :) :) 

                 အမျိုးသမီးတွေ အသည်းစွဲဖြစ်တဲ့ မင်းသား Lee Joon-gi, အခြားသော လူကြိုက်များတဲ့ မင်းသားဖြစ်တဲ့ နာမည်ကြီး K-Pop အဖွဲ့ TVXQ မှ Shim Chang-minနဲ့ မင်းသား Lee Soo-hyuk တို့မှ ပါဝင်သရုပ်ဆောင်ထားပါတယ် ... 
                        မင်းသမီးတွေ အနေနဲ့ကတော့ Kim So-eun နဲ့ Lee Yu-bi တို့ ပါဝင်သရုပ်ဆောင်ထားပါတယ် ... 

IMDb မှာ 7.6, Viki မှာ 9.4 နဲ့ Dramafever မှာ 4.6 ရရှိထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပဲ ဖြစ်ပါတယ် ... အားပေးကြပါဦးလို့ ... :) :) :) 

.:: Download and Watch  ::.