Friday, June 17, 2016

Justice League vs. Teen Titans (2016) - မြန်မာစာတန်းထိုး

ဖခင်ဖြစ်သူ Batman တို့ ဖွဲ့စည်းထားတဲ့ Justice League မှာ Batman ရဲ့ သား Damian တဖြစ်လဲ Robbin ဟာ အဖွဲ့အစည်းစိတ်ဓာတ်မရှိတာကြောင့် Starfire ဦးဆောင်နေတဲ့ လူငယ်အဖွဲ့အစည်း Teen Titans တွေဆီကို အသင်းစိတ်ဓာတ်ရှအောင် ပညာသင်လွှတ်လိုက်ပါတယ် ... အစပိုင်းမှာ Damian ဟာ ဘယ်လိုမှ Teen Titans တွေနဲ့ သဟဇာတ မဖြစ်ပါဘူး .. တဖြည်းဖြည်းနဲ့ မိစ္ဆာကောင် Trigon ရင်ဆိုင်လာရတဲ့ အချိန်မှာ ဘာတွေဖြစ်လာမလည်းဆိုတာ ဆက်လက်အားပေးပါဦး လို့ ... :) :) :) ဧပြီလမှာထွက်ရှိလာတဲ့ ဒီကားလေးကို Super Heroes Fans တွေ နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ် ...

Running Time : 1hr 20min

Tuesday, June 14, 2016

Colonia (2015) - မြန်မာစာတန်းထိုး


ဖြစ်ရပ်မှန်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဒီကားကို မင်းသမီး Emma Watson နဲ့ မင်းသား Daniel Brühl တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ...
၁၉၇၃ခုနှစ် ချီလီ စစ်အာဏာသိမ်းမှုတွေ နဲ့ ဆန္ဒပြပွဲတွေကြားက ချစ်သူနှစ်ဦး ... တစ်ရက် ဗိုလ်ချုပ်ကြီး ပီနိုချက်ရဲ့ အထူးတပ်ဖွဲ့ဖြစ်တဲ့ DINA ဆိုတဲ့ အဖွဲ့အစည်းက ဒန်နီရယ်လ် ကို နိုင်ငံရေးပိုစတာ ဖြန့်ဝေမှုနဲ့ ဖမ်းဆီးသွားခဲ့ပါတယ် ... ဒါကို သူ့ချစ်သူကောင်မလေး လီနာက စုံစမ်းတဲ့အခါ ဒန်နီရယ်လ်ကို လျို့ဝှက်ပြီး ပြန်လမ်းမရှိတဲ့ နေရာဆီ ပို့မှာဖြစ်ကြောင်း ... အဲ့ဒီနေရာက အစိုးရနဲ့လည်း ပနံသင့်တဲ့အကြောင်း ... အဲဒီနေရာ ယောကျာ်း မိန်းမ ခွဲခြားဆက်ဆံပြီး အထူးသဖြင့် ကလေးတွေကို လိင်ပိုင်ဆိုင်ရာ ကျူးလွန်မှုတွေ ရှိတဲ့အကြောင်း ... အစသဖြင့် လူသားမဆန်တဲ့ နေရာတစ်ခု ဖြစ်ကြောင်း လီနာ သိလိုက်ရတယ် ... အဲဒီနေရာကတော့ "Colonia Dignidad" ...
လီနာဟာ သူလိုက်ရမယ် လေယာဉ်ရဲ့ လေယာဉ်မှုးကို သူ နောက် (၇) ရက်နေရင် ပြန်လာမယ် ဖြစ်ကြောင်း .. အခုတော့ အလုပ်ကိစ္စတစ်ခုကြောင့်မို့ မလာနိုင်ကြောင်း ပြောဆိုပြီး  သူ့ချစ်သူ ဒန်နီရယ်လ်ကို ကယ်ထုတ်ချင်တဲ့ စိတ်နဲ့ပဲ "Colonia Dignidad" ကို သူကိုယ်တိုင်ပဲ ထွက်လာခဲ့တယ် ...
တကယ်ပဲ လီနာဟာ သူ့ချစ်သူကို အဲ့ဒီ လူသားမဆန်တဲ့ နေရာကနေ ကယ်ထုတ်နိုင်မလား ... မကယ်ထုတ်နိုင်ဘူးလား ဆိုတာတော့ ဆက်ကြည့်ကြည့်ကြပါဦး ... :) :) :)

IMDb မှာ 7.2 ရရှိထားပြီး Rotten Tomatoes မှာ 23% ပဲ ရရှိထားပေမယ့် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါ ...  အားပေးကြပါဦး ...

Running Time : 1hr 50min

Thursday, June 9, 2016

10 Cloverfield Lane (2016) - မြန်မာစာတန်းထိုး



ဇာတ်လမ်းအစမှာ မီရှယ်က သူ့ကောင်လေးနဲ့ စကားများပြီးတော့ ထွက်လာတဲ့လမ်းမှာ မတော်တဆ ထိခိုက်မှုနဲ့ ကြုံခဲ့တယ် ... နိုးလာတော့ ဘာမှမရှိတဲ့ အခန်းထဲရောက်နေတာ သူသိလိုက်ပြီး သူ့မှာ ဒဏ်ရာပါရနေတာ သိလိုက်ရတယ် ... နောက်တော့ သူရောက်နေတာ မြေအောက်ခန်းတစ်ခုရယ် ပြီးတော့ ဟောင်းဝဒ် နဲ့ အဲမစ်ဆိုတဲ့ ယောကျာ်လေး သူစိမ်းနှစ်ယောက်ရယ်ဆိုတာ သူသိလိုက်တယ် ... မြေအောက်ခန်း ပိုင်ရှင် ဟောင်းဝဒ်က မီရှယ်ကို ထိခိုက်မှုနေ ကယ်လာတဲ့ ဖြစ်ကြောင်း ... မြေပေါ်မှာလည်း အဆိပ်ငွေ့တွေကြောင့် အသက်ရှင်ကျန်နေတဲ့သူမရှိကြောင်း ရှင်းပြခဲ့တယ် ... အဲ့ဒါတွေကို မယုံကြည်တဲ့ မီရှယ်တစ်ယောက်ဟာ အခွင့်ရေးရတဲ့တစ်နေ့မှာ ထွက်ပြေးဖို့ ကြိုးစားရင်းနဲ့ပဲ ... ဘာတွေဆက်ဖြစ်မလည်းဆိုတာ ဆက်ကြည့်လိုက်ပါဦး ... :) :) :)
မင်းသားကြီး John Goodman
မင်းသား John Gallagher, Jr. နဲ့
မင်းသမီး Mary Elizabeth Winstead တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ...

IMDb မှာ 7.4, Rotten Tomatoes မှာ 90% နဲ့ Metacritic မှာ 76% ရရှိထားတဲ့ March (2016) တုန်းက ထွက်ခဲ့တဲ့ ဇာတ်ကားလေးပါ ...

 
Running Time :  1hr 44min

Saturday, June 4, 2016

Anomalisa (2015) - မြန်မာစာတန်းထိုး

"Anomalisa" ဟာ 2016 Oscar ပေးပွဲမှာ ဇကာတင်ရွေးချယ်ခံထားခဲ့ရပြီး Oscarနဲ့လွဲခဲ့ရတဲ့ လူကြီးကြည့် Animation ဇာတ်ကားတစ်ကားပါ ... မေးခွန်းပေါင်းများစွာနဲ့ ဘာဖြစ်လားမလည်းဆိုတဲ့ စခဲ့တဲ့ ဒီဇာတ်ကားလေး ဟာ နောက်ဆုံး ဇာတ်သိမ်းခန်းအထိကို ဆွဲဆောင်သွားနိုင်ပါတယ် ... ပုံမှန် မြင်နေကျ Animation ဇာတ်ကားတွေနဲ့ ကွဲထွက်နေပြီး လူ့တစ်ယောက်ရဲ့ စိတ်ထဲ ခံစားနေရတဲ့ ပုံရိပ်တွေကို အကောင်းဆုံး ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ခုပါ ... ဘာဆက်ဖြစ်မှာလည်း, ဘယ်လိုတွေ ဖြစ်ေ်နတာလည်း ဆိုတာတွေ ပုံဖော်လို့မရတာတွေ ဇာတ်ရှိန်ကို ပိုလို့တောင် မြင့်တက်စေပါတယ် ...
IMDb မှာ 7.2, Rotten Tomatoes မှာ 92% နဲ့ The Guardian မှာ 5/5 Rating ရရှိထားပြီး Oscar (2016) မှာ ဇကာတင်စာရင်းထဲ ပါဝင်ခဲ့တဲ့ Animation ဇာတ်ကားကောင်းဆိုလည်း မမှားပါဘူး ...

Running Time : 1hr 31min